Pages
ARTICLES
 Article -1
ဂမ္ဘီရ ပြဒါး ပြာ
ဦးစံသိန်း (သီလာအဓိက)
သူရဇ္ဇမဂ္ဂဇင်း (6) အမှတ် (12)၊ 2006 ခုနှစ်၊ ဒီဇင်ဘာလ
ကျွန်တော်သည် 2-9-2006 နေ့တွင် မန္တလေးမြို့ အိမ်တော်ရာကျောင်းတိုက်တွင် တည်းခိုပါသည်။ နောက်တစ်နေ့ တည်းခိုရာကျောင်းတွင် ကျွန်တော်ရောက်နေတာကြားလို့ ဆိုကာစာချကိုယ်တော် နှစ်ပါးရောက်လာသည်။
    ဒကာကြီးရေးတဲ့ ဆောင်းပါးများကိုသူရဇ္ဇမဂ္ဂဇင်းမှာဖတ်ရပါတယ်။ အထူးသဖြင့် ဘာသာရေးနဲ့ ဆိုင်တဲ့ ဘုရားအနေကဇာတင် ဆောင်းပါးရဲ့ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလထုတ်မှာပါတဲ့ ဂမ္ဘီရ-တပသိ-၀ိဇ္ဇဓိုရ် ဆောင်းပါးတို့ ဖြစ်ပါတယ်။ ဂမ္ဘီရ-တပသီ-၀ိဇ္ဇဓိုရ်ဆောင်းပါးအဆိုရဆိုလျှင် ပြဒါးပြာသည် သက်ရှိသတ္တ၀ါများကိုအများကြီးအကျိုးပြုတယ်လို့တွေ့ရတယ်။ ဒကာကြီးမှာ ပြဒါးပြာနဲ့ ရောဂါကိုပျောက်ကင်းအောင် ကုသခဲ့သည့် မှတ်တမ်းများရှိပါကဘုန်းကြီးတို့နဲ့ အများပြည်သူတို့ သိရှိနည်းယူနိုင်ရန် ခုလိုဘဲသူရဇ္ဇမဂ္ဂဇင်းမှာရေးသားတင်ပြပေးပါဟုမေတ္တာရပ်ခံခဲ့သည်။
ကိုယ်တွေ့ ပြဒါး၏ အစွမ်းသတ္တိထူးများကိုတင်ပြပါမည်။
   ပြဒါးကိုမူလအတိုင်းဖြစ်စေ၊ ပြာချပြီးဖြစ်စေ၊ အသုံးပြုရာတွင် သက်ရှိသတ္တ၀ါများအတွက် အစွမ်းထက်မြက်ဆုံးနှင့် အကောင်းဆုံးအသုံးဝင်သည်။ သီလ၊ သမာဓိနှင့် ပြည့်စုံပြီးဥာဏ်ပညာထက်မြက်သူများသည် ပြဒါးကိုဆေးအဖြစ် အသုံးပြုခဲ့ကြပါသည်။
    လွန်ခဲ့သော အနှစ် (၃၀)ခန့်က ကျွန်တော်သည် သထုံမြို့မှ မိတ်ဆွေတစ်ယောက်နှင့်အတူဇင်းကျိုက် တောင်ဘုရားကိုတက်ဖူးကြပါသည်။ မိတ်ဆွေမှာနောက်တစ်နေ့ အိပ်ရာမထနိုင်ဘဲမေ့နေပါသည်။ ကျွန်တော်မှာဘာဆေးမှမပါဘဲကျားတံဆိပ်ပရုတ်ဆီဘူးလေးသာပါပါသည်။
    ဇင်းကျိုက်ဘုရားဘုန်းကြီးကျောင်းမှာဆရာတော်တစ်ပါး၊ ဦးပဉ္ဇင်းငယ်တစ်ပါးနှင့် ကျောင်းသား နှစ်ယောက်၊ သီလရှင်ကြီးသုံးပါးသာရှိပါသည်။ သူတို့ထံမှလည်းဘာဆေးဝါးများမှ မရှိပါ။ နေထိုင်မကောင်းသောအခါမှာဟိုဘက်တောင်ထိပ်၌ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရှိတယ်။ သူ့ထံမှ သွားတောင်းလို့ရတယ်ဟုပြောပါသည်။
    ကျွန်တော့်မိတ်ဆွေမှာပါးစပ်မှ အမြုပ်တွေထွက်ပြီးခြေတွေလက်တွေ ကုပ်ကွေးကာသတိမေ့၍ တက်နေပါသည်။
    ဆရာတော်ကဆေးသွားတောင်းသည့်နေရာသို့ ကိုယ်တိုင်လိုက်ပို့ပါသည်။ တောင်ကြောပေါ် လမ်းလျှောက်သွားရာမိနစ်သုံးဆယ်ခန့်သွားရပါသည်။ တဲကလေးတွေ့ပါသည်။ ဆရာတော်နှင့် အတူဝင်လိုက်သွားပါသည်။
    တဲကလေးမှာဆယ်ပေပတ်လည်ခန့်ရှိပြီးသစ်သားတိုင်များနှင့် တောင်စဉ်ဖက်မိုးထားသည်။ ၀ါးကွပ်ပျစ်ပေါ်ထိုင်ပြီးပုတီးစိပ်နေပါသည်။ ကျွန်တော်တို့ဝင်သွားသံကြားတော့ ပုတီးစိပ်ရပ်ပြီး ကျွန်တော်တို့ဘက်လှည့်ကြည့်သည်။ ဆရာတော်ကိုတွေ့တော့ ပုတီးကိုလည်ပင်းမှာစွပ်လိုက်ပြီး ပြုံး၍ ဆရာတော်ကိုကွပ်ပျစ်ပေါ်သို့ ကြွရန်ဖိတ်ခေါ်ပြီးသူက ကျွန်တော်နှင့်အတူအောက်မှာထိုင်ပါသည်။
    ဆရာတော်က ကျွန်တော့်ကိုလက်ညှိုးထိုးပြီးဒီဒကာကြီးကရန်ကုန်ကလာတာ၊ တို့သထုံကမိတ်ဆွေ တစ်ယောက်နဲ့ မနေ့ကဇင်းကျိုက်ဘုရားကိုလာဖူးတယ်။ ဒီနေ့မနက် သူ့မိတ်ဆွေကိုမုန့်စားဖို့ နှိုးတော့  နှိုးလို့မရတော့ဘူး၊ အဲဒီဒကာကိုဖထီးဆေးကုပေးဖို့ လာခေါ်တာ၊ ကူညီပါဦးဟုဆရာတော်ကပြောတော့ အပေါ်အင်္ကျီဝတ်၍ တောင်ဝှေးယူပြီးလိုက်လာပါသည်။
    ဆရာတော်ကရှေ့က သူကအလယ်က ကျွန်တော်ကနောက်ကလိုက်ပါသည်။ တောင်ကြောတက်လိုက်ဆင်းလိုက်နှင့် လမ်းလျှောက်ကာဆရာတော်နှင့်ဖထီးတို့ အလွန်မြန်ပါသည်။ ကျွန်တော် အတော်ကြိုးစားလိုက်ရသည်။
    ဖထီးသည် အသားဖြူဖြူ၊ အရပ်(၅)ပေကော်လောက်ရှိပြီးမျက်နှာမှာလည်းအလွန်ပင်ကြည်ပါသည်။
    ကျောင်းရောက်သွားတော့ ဖထီးကဆရာတော်ကိုဝေဒနာရှင်၏ ခေါင်းရင်းကထိုင်၍ ပထ၀ီဇယ  မန္တန်နှင့် မေတ္တာသုတ်ရွတ်ရန် လျှောက်ထားပြီးသူ့အိတ်ထဲမှ နှိုက်ထုတ်ရာပင်နီဆလင် ပုလင်းခန့်ရှိသောပုလင်းနှစ်လုံးထွက်လာပါသည်။ သောက်ရေတောင်းပြီးပုလင်းတစ်လုံးကိုဖွင့်ကာသူ့အိတ်ထဲမှာပါလာသောမီးခြစ်၏ ယမ်းမရှိသောဘက်မှ မီးခြစ်ဆံနှင့်တို့ပြီးလူနာ၏လျှာပေါ်သို့ တို့ပေးပြီးရေနှစ်စက် သုံးစက် အစက်ချပေးလိုက်ပါသည်။
    ကျွန်တော့အားဝေဒနာရှင်၏ ခေါင်းကိုကိုင်ခိုင်းပြီးခေါင်းအလယ်လောက်ကိုလက်မလက်သည်းနှင့် စိုက်ကာဖိကုတ်လိုက်ပါသည်။ သွေးစလေးနည်းနည်းထွက်လာတာတွေ့ရပါသည်။ စောစောကတိုက်သောပုလင်းထဲမှ အမှုန့်အနည်းငယ်ယူပြီးသွေးထွက်နေသောနေရာကိုထည့်၍ လက်နှင့်ဖိကာငါးမိနစ်ခန့် ဖိထားပါသည်။
    ဖထီးကတပည့်တော် ဘုရားသွားလိုက်ဦးမယ် ဟုဆိုပြီးဇင်းကျိုက်ဘုရားပေါ်တက်သွားပါသည်။ ကျွန်တော့်မှာလည်းသထုံမှ အဖေါ်ခေါ်လာသောမိတ်ဆွေအတွက် အတော်စိတ်ပူနေပ့ါသည်။ မသက်သာတော့ ပြန်ခေါ်ဖို့ဆိုတာအလွန်မလွယ်ကူပါ။ ကျွန်တော်တို့အထက်ကိုမနည်းတက်ခဲ့ရပါသည်။ တောင်ကစောက်ပြီး (၆)ဖာလုံကိုလက်ကိုင်သံတန်းများအားကိုင်ဆွဲပြီးတက်ခဲ့ရပါသည်။
    (၁၅)မိနစ်ခန့်အကြာတွင် လူနာမှာပါးစပ်မှထွက်နေသောအမြုပ်များရပ်သွားပါသည်။ ကွေးကောက်နေသောခြေလက်များ ပြန်ဆန့်လာပြီးတစ်ကိုယ်လုံးလှုပ်ရှားလာပါသည်။ မိနစ်သုံးဆယ်ခန့် လောက်မှာဖထီးပြန်လာပါသည်။ ဖထီးက ကျွန်တော့်ကိုဘယ်တော့ ပြန်ဆင်းမလဲမေးပါသည်။ ကျွန်တော်တို့ လာတုန်းကသုံးရက်လောက်နေကြပြီးဘုရားဖူး၊ ပရိတ်ရွတ်၊ မေတ္တာပို့ဖို့လာတာပါ လို့ပြောလိုက်တော့ ဖထီးကရည်ရွယ်သည့်အတိုင်းရက်ပြည့်အောင်နေပြီးအားထုတ်သွားကြပါလို့ ကျုပ် မနက်ဖြန် မနက်လာဦးမယ် ဟုပြောပြီးဆရာတော်ကိုကန်တော့ကာ ပြန်သွားပါသည်။
    လူနာမှာလည်းနဂိုအတိုင်း ပြန်ဖြစ်သွားပါသည်။ ဆရာတော်ကမနက်စာကျွေးပါသည်။ ဒီနေ့ ပြန်ဆင်းသင့်မသင့် ဆရာတော်နှင့် တိုင်ပင်ကြရာနေပြန်ကောင်းလာသူ ကျွန်တော့်မိတ်ဆွေကဧည့်သည်တိုင်းတစ်နှစ်ကိုအနည်းဆုံးခြောက်ခေါက်လောက်ပို့ပေးရတယ်။ ကျွန်တော့်မှာဘာရောဂါမှ  ကြီးကြီးကျယ်ကျယ် မရှိပါဘူး၊ ဒီလိုဖြစ်တာကို ကျွန်တော်လည်းအလွန်အံ့သြနေတယ်လို့ ပြောပြသည်။ ဆရာတော်ကဒီတောင်ပေါ်မှာနေထိုင်မကောင်းတာတော့ရှိတယ်။ ဒီဒကာကြီး ဖြစ်သလောက်တော့ ပြင်းပြင်းထန်ထန် ဖြစ်တာမတွေ့ဖူးဘူး၊ ဒီတောင်ရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် တစ်ကြောမှာနေမကောင်းသူမှန်သမျှ ဖထီးနဲ့ကုကြတယ်။ ဖထီးကိုဘဲအားကိုးနေရတယ်လို့ ပြောပါသည်။
    ကျွန်တော်တို့ကဇင်းကျိုက်ဘုရားလာတုန်းကအဓိဋ္ဌာန်ရက်အတိုင်းနေမယ်။ ယခု ကျွန်တော်တို့ နေကောင်းနေပြီဘဲ၊ ဖထီးကလည်း ကျွန်တော်တို့လာတုန်းကသတ်မှတ်ရက်အတိုင်းဆက်နေဖို့ ပြောသွားတယ်။ အရေးပေါ်ဖထီးရှိသားဘဲ၊ ဆရာတော် သဘောတူခွင့်ပြုမယ်ဆိုရင် ဖထီးအလာမစောင့်တော့ဘဲတပည့်တော်တို့ ဖထီးဆီသွားကြရအော င် လို့ ပြောပြတော့ အားလုံးကသဘောတူကြပါသည်။
    နောက်တစ်နေ့နံနက်တွင် ဖထီးမလာခင် နံနက်အရုဏ်စားပြီးဆရာတော်နှင့် ကျွန်တော်တို့ နှစ်ယောက် ဖထီးတဲ့သို့ရောက်သွားကြပါသည်။ ဖထီးမှာဘုရားဝတ်ပြုနေပါသည်။ ကျွန်တော်တို့ အသံကြားတော့ ဘုရားကိုဝတ်ပြုပြီးလှည့်ကြည့်သည်။ ပြီးနောက် ဆရာတော်ကိုဝတ်ပြုပြီးကွပ်ပျစ်ပေါ်သို့ ပင့်ကာသူကတော့ ကျွန်တော်တို့နှင့်အတူအောက်မှာထိုင်ပါသည်။
    ဆရာတော်ကပင် စတင်ကာဒီဒကာနှစ်ယောက်ကဖထီးနှင့်တွေ့ပြီးကျေးဇူးတင်စကားပြော၍ ကန်တော့လိုကြောင်းပြောသဖြင့် လိုက်ပို့ရခြင်းဖြစ်ကြောင်းပြောပါသည်။ ကျွန်တော်တို့မှာပါသောငွေ (၂၀၀၀)ကျပ်၊ အနွေးထည် အင်္ကျီတစ်ထည်၊ စောင်တစ်ထည်တို့ကို လှူဒါန်းကာကန်တော့ပြီးသိလိုတာများမေးမြန်းခွင့်ပြုပါရန် ခွင့်တောင်းပါသည်။ အနွေးထည်နှင့် စောင်ကိုယူပြီးငွေ (၂၀၀၀)ကျပ်ကို ပြန်ပေးပါသည်။
    ကျုပ်ကတစ်နေရာတည်းမှာအမြဲမနေဘူး။ နေချင်တဲ့နေရာမှာပြီးကျင့်ကြံအားထုတ်တယ်။ ဒီနေရာမှာအားထုတ်နေတာရှစ်နှစ်ကျော်သွားပြီ။ ခရီးသွားတဲ့ အခါမှာလည်းတောင်ကြောတွေပေါ် ခြေကျင်သွားပါတယ်။ အစားအသောက်တွေမလိုဘူး။ တွေ့တဲ့အသီးအနှံတွေကိုစားသွားတယ်။ တောင်ကြောပေါ်မှာသွားရင်းတွေ့တဲ့လူဆီမှာရရာအစားအစာကိုတောင်းရမ်းစားသွားတယ်။ ဒါကြောင့် ငွေမလိုပါဘူးဆိုပြီးငွေများကိုဆရာတော်အား လှူခိုင်းပါတယ်။
    ဖထီးအကြောင်းကို ကျွန်တော်တို့ကမေးတော့ ဖထီးက ကျွန်တော်ကကရင်မဟုတ်ဘူး၊ ရှမ်းဗျ။ ကျွန်တော်ရဲ့အဖေကရွှေဘိုသား၊ အမေကရှမ်း၊ ကျွန်တော့်အဖေကပုဂံမင်းရဲ့ စားတော်ကဲဗျ၊ ကျွန်တော့် ကိုမွေးပြီးလေးနှစ်သားမှာမင်းတုန်းမင်းတက်လာတော့ မင်းတုန်းမင်းထံမှာဆက်ပြီးအမှုထမ်းရတယ်။ တစ်နေ့ကိုသုံးကြိမ်ပွဲတော်ဆက်သရတယ်။ သုံးကြိမ် ညီလာခံရတယ်။ အစဉ်အလာဖြစ်သောဘုရင့်ပွဲတော် ဟင်းခွက်သုံးရာကိုပယ်၍ ပွဲတော်ကိုကုသိုလ်အဖို့ ရည်ရွယ်ပြီးပယ်ဖျက်တော်မူသည့်အတွက် ဟင်းခွက် တစ်ရာသာဆက်ကြရလေသည်။
    မင်းတုန်းမင်းနဲ့ သီပေါမင်းလက်ထက်မှာပွဲတော်ချက် အမှုထမ်းငါးဆယ်ရှိတယ်။ တစ်လကိုလစာတော်ငွေ အဖြစ် ခုနှစ်ရာ့ငါးဆယ် ပေးသနားတော်မြတ်ခံရတယ်။ မြင်းကွန်း မြင်းခံတိုင် အရေးတော်ပုံမှာ ကျွန်တော့်အဖေအသတ်ခံရတယ်။ အဘဦးပုည က ကျွန်တော့်ကိုပြောတယ်။ လူကလေးတစ်နေရာကိုပြေးတော့။ လူကလေးကိုအပျိုတော်ဆောင်မှာအမှုထမ်းခိုင်းတော့မယ်။ အမျိုးသမီးများဆောင်မှာအမှုထမ်းသူများကိုသင်းကွပ်ပြီးမှ အမှုထမ်းစေတယ် လို့ ပြောပါတယ်။ သင်းကွပ်တယ် ဆိုတာဘာလဲအဘလို့ မေးတော့ လူကလေးဝှေးစေ့ ဖြတ်တာလို့ ပြောပါတယ်။ ကျွန်တော်လည်းကြောက်တာနဲ့ ပြေးမယ်အဘလို့ ပြောလိုက်တော့ ကျုပ်ကိုဘရသေ့ထံအပ်လိုက်တာဘဲ။
    ရသေ့ကြီးကလူနဲ့နီးတဲ့နေရာမှာမနေဘူး။ တောတောင်တွေ တောင်တန်းတွေပေါ်မှာအနေများတယ် အဘရသေ့ကသီလထိန်းတယ်။ ပရိတ်ရွတ်တယ်။ အချိန်ရရင် တစ်နေ့လုံး၊ တစ်ညလုံးမေတ္တာပို့တယ် ပုတီးစိပ်နေတယ်။ လူ၊ တိရစ္ဆာန်၊ ဘယ်လိုပုဂ္ဂိုလ်သတ္တ၀ါမဆိုကယ်တယ်။ ဆေးဆိုလို့ မနေ့ကသူ့ကိုတိုက်တဲ့ ဆေးမျိုးပဲရှိတယ်။ အဲဒီဆေးကိုအဘရသေ့ကြီးနဲ့ ကျုပ်လည်းဆယ်ရက်တစ်ခါ၊ ဆယ့်ငါးရက်တစ်ခါ ရွေးလေးစေ့ခန့်သောက်ကြတယ်။ အဓိကကတော့ ၀ိဇ္ဇာရေအတတ်ဖြင့် ဆန၀ုတိဝေဒနာအားလုံးကယ်နိုင်ခဲ့တယ်။ ကျုပ်ဟာဘရသေ့နဲ့အတူအရှေ့ရိုးမ၊ အနောက်ရိုးမ၊ အလယ်ရိုးမ၊ တောင်တန်းတွေမှာသွားရင်းလာရင်းလူမျိုးအစုံ၊ တိရိစ္ဆာန်မျိုးစုံတွေကိုကယ်ခဲ့တာတွေ့ရတယ်။ ကျုပ်ကိုလည်းအဘရသေ့ကလိုအပ်တာကိုအကျင့်သီလာမှအစဆေးအတတ်ရောဝိဇ္ဇာဓရအတတ်ပါ။ အကုန်သင်ပေးခဲ့ပါတယ်။ အတတ်ဆိုတာကပရိတ်တော်များ၊ ဂါထာများ၊ မန္တာန်များရွတ်တဲ့အတတ်ပါ။
    အဘရသေ့က ကျုပ်ကိုလွန်ခဲ့တဲ့ အနှစ်(၇၀) ပုံတောင်ပုံညာတောင်တန်းပေါ်မှာထားပြီး ခွဲသွားခဲ့ ပါတယ်။ ကျုပ်ကို နောက်ဆုံးမှာသွားခဲ့တာက မင်းသီလကို မပေါက်ကြားအောင်ထိန်း၊ ပရိတ်များများရွတ်၊ မေတ္တာများများပို့၊ လုပ်တာအားလုံးအောင်မြင်မယ်။ မင်းလက်နဲ့ထိသမျှ ဆေးဖြစ်လိမ့်မယ်လို့ မှာသွားပါတယ်။
    ကျုပ်လည်း ဘရသေ့မှာကြားတဲ့အတိုင်း လိုက်နာ ကျင့်ကြံရင်း အားထုတ်နေခဲ့ပါတယ်။ ဒီမိတ်ဆွေ ဖြစ်တဲ့ရောဂါက ရိုးရိုးရောဂါမဟုတ်ဘူး၊ အဆိပ်မိတာ၊ နဂါးမီးစက်အဆိပ်လို့ခေါ်တယ်။ အလွန်ပြင်းထန်တယ်။ ရိုးရိုးဆေးနဲ့ကုလို့မရဘူး၊ မီးနဲ့ရှို့သလို ပြကျသွားနိုင်တယ်။ ဒီလိုဖြစ်တာမျိုး တွေ့ရခဲပါတယ်။ နဂါးမီးစက်လို့ခေါ်တဲ့ နဂါးမြွေတစ်မျိုးရှိတယ်။ သူတို့က ပင်လယ်ထဲမှာနေတယ်။ ကုန်းပေါ် ကို လာခဲတယ်။ ဇင်းကျိုက်တောင် ဘုရားမှာ ဆံတော်လာဖူးတာ သူတို့က မကိုက်ဘူး၊ ဒါပေမယ့် သူတို့ရဲ့ အဆိပ်က အလွန်ပြင်းတ်ယ။ အလံသုံးဆယ်အတွင်းမှာထိတဲ့ သတ္တ၀ါတွေ သေသွားနိုင်တယ်။ ကုန်းပေါ်မှာ အသက်မရှူဘူး၊ ရေထဲမှာ အသက်ရှူပြီး သွားချင်တဲ့နေရာဆီ ရေထဲမှာ ရှူခဲ့တဲ့လေကို ပြန်ထုတ်ပြီး သွားတယ်၊ ရေထဲကို ပြန်ရောက်မှ အသက် ပြန်ရှူတယ်။ ၎င်းတို့မှ  ထုတ်တဲ့လေထဲမှာ သူရဲ့အဆိပ်ပါတယ်။
    ခင်ဗျား ဇင်းကျိုက်အတက်မှာ သူတို့ဆုံမိလို့ဖြစ်မယ်။ သူတို့က မုတ္တမပင်လယ်ထဲနေတယ်။ အရှေ့ရိုးမမှာက အလွန်နည်းတယ်။ နဂါးနဲပတ်သက်ရင် အနောက်ရိုးမမှာ အလွန်ပေါပါတယ်။
    ကျုပ်က လူရော တိရစ္ဆာန်ပါ သွားရင်းလာရင်း တွေ့ခဲ့ရင် အကုန်ကုပေးတာဘဲ၊ ဒီလိုဘဲ တောင်တန်းတွေပေါ်မှာ တစ်သက်နေတာဘဲ၊ ကျုပ်လိုဘဲ ဒီတောင်ကြောပေါ်မှာ တရားအားထုတ်ကြတာ အများကြီး၊ ကျိုက်ထီးရိုးတောင်ဘက်မှာဆိုရင် တရုတ်ဘုန်းကြီးအများကြီးဘဲ၊ ကျုပ်ဘယ်မြို့မှ မရောက်ဖူးဘူး၊ လူများများ မတွေ့ချင်ဘူး၊ တောင်ကြောတွေပေါ်မှာ နေရင်းအားထုတ်တယ်။ အရင်တုန်းက ဒီရောဂါမျိုး နှစ်ဦးကုပေးဖူးတယ်။
    ပထမတစ်ဦးက လူမဟုတ်ဘူး၊ ဆင်ဗျ၊ ကျုပ်က ဖိုးဝန်တောင်ဘုရားပေါ်အတက်မှာ ဆင်ကြီး တစ်ကောင်လဲနေတယ်။ ကျုပ်က ဘေးကပ်သွားစဉ် ပန်ချီပီကုလားက ပြေးလာပြီး ကျုပ်ကို ဆလံပေးပြီးတော့ ဘုရားကယ်ပါ၊ ဘုရားကယ်ပါ လို့ ပြောပြီး ဆင်ကြီးကို လက်ညှိုးထိုးပြပါတယ်။ ကျုပ်လည်း မနေ့က သူ့ကိုတိုက်တဲ့ဆေးကိုထုတ်ပြီး ဆင်ရဲ့ပါးစပ်ထဲ မန်းကျည်းစေ့နှစ်စေ့ခန့် တိုက်ပြီး ဆင် ခေါင်းအလယ်တည့်တည့်ကိုလည်း ချွန်းထိပ်ဆူးနဲ့ အနည်းငယ်ပေါက်အောင် ထိုးခိုင်း၍ မန်ကျည်းစေ့ နှစ်စေ့ ခန့် ထည့်ပါတယ်။ ကျုပ် ဘုရားပေါ်ရောက်လို့ ဘုရားဝတ်ပြုစဉ် ဘုရား၊ ဘုရားလို့ ခေါ်သံကြားရပါတယ်။ ၀တ်ပြုပြီး လှည့်ကြည့်လိုက်တော့ ကုလားဖြူသုံးယောက်၊ ကုလားမည်း ငါးယောက်တွေ့ပါတယ်။
    ကုလားမည်းတစ်ယောက်က ဒီဟာ သစ်တောအရေးပိုင်ပါ ဘုရား၊ ဘုရားကို ကျေးဇူးတင်စကား ပြောလာတယ် ပြောပြီး ကျုပ်ကို အရေးပိုင်ဆိုတဲ့သူက ငွေတစ်ရာရပ်ထုတ်ပေးပြီး သွားလိုတဲ့နေရာကို လိုက်ပို့ပေးမလို့ ပြောပါတယ်။ ဆင်ကြီးမှာ ဘုရား ဆေးကုပေးပြီး မကြာမီ ကောင်းသွားတယ်လို့ ပြောတယ်။ ကျုပ်လည်း ငွေယူပြီး ဘုရားလှူခဲ့ပါတယ်။ အဲဒီဆင်ကို မနေ့က သူ့ကိုတိုက်တဲ့ဆေးပဲ တိုက်တာပဲ။
    နောက်တစ်ဦးက စက်တော်ရာဘုရားမှာဖြစ်တာ၊ အဲဒါကတော့ လူဗျ။ ဒီဆေးနဲ့ပဲ ကုပေးခဲ့တာ ပျောက်သွားတယ်။
    ခင်ဗျားတို့လိုချင်တယ်ဆိုရင် ဆေးနည်းလည်းပေးမယ်၊ လုပ်နည်းလည်းပေးမယ်။ ဒီဆေးနဲ့ကုသလို့ ပျောက်ကင်းမဲ့ရောဂါတွေကိုလည်း ပြောပြမယ်။ လောဘမကြီးရဘူး၊ မေတ္တာထားရမယ်။
    မင်းတုန်းမင်းကြီး နန်းတော်တွင်းမှာ ရောဂါမျိုးစုံကုတဲ့ ကျွမ်းကျင်တဲ့သမားတော်တွေရှိတယ်။ ဘရသေ့က ပြဒါးနဲ့ရောဂါမျိုးစုံ ကုသပေးရတယ်။ ရောဂါဖြစ်လို့ ဆေးသမားတော်တွေနဲ့ ကုလို့ မသက်သာဘူး၊ မရဘူးဆိုရင် ပြဒါးနဲ့ ကုသပေးရတယ်။ နောက်ဆုံးမှ မန္တာန်ဓရနည်းနဲ့ ကုကြရတယ်။
    အဘရသေ့နဲ့ အနှစ်ငါးဆယ်လောက် အတူနေ၊ အတူသွား၊ အတူစား၊ အတူအိပ်၊ လိုအပ်တာ မှန်သမျှ ကျုပ်က အလိုက်သိစွာ လုပ်ပေးတော့ ခွဲမသွားခင်ကျုပ်ကို ဘယ်နေရာမှမထားခဲ့ဘူး၊ သူကျင့်ကြံ အားထုတ်မှုတွေ သတ္တ၀ါကယ်တာတွေကို အကုန်သင်ပေးခဲ့တယ်။ သိထားဖို့က လောကသုံးပါးမှာ သတ္တလောရယ်၊ သြကသလောကရယ် အဲဒီလောကနှစ်ပါးက သူ့အတိုင်းတာသူ ပြဒါးဓါတ်ပါရတယ်။ အသက်ကြီးလာရင်း မွေးရာပါ ပြဒါးဓါတ်လျော့လာတယ်။ လူဆိုရင် အသက် (55)နှစ်ကျော်ရင် ပြဒါးဓါတ် တစ်ဝက်လောက် လျော့သွားတယ်။ အစစအရာရာ တစ်ကိုယ်လုံး အားနည်းပျော့လာပြီး ချို့ယွင်းလာတယ်။ ရောဂါဖြစ်လာရင် ကုချင်သလောက်ကု သက်သာရုံဘဲ၊ မပျောက်ဘူး၊ အသက် (40)လောက်ကစပြီး ပြဒါးကို မှန်မှန်အတိုင်းအတာနဲ့ သုံးသွားမယ်ဆိုရင် ရောဂါကြီးကြီးကျယ်ကျယ် ဖြစ်မလာတော့ဘူး။
    ကျုပ်ကိုပဲကြည့်လေ၊ အသက်တော့မှတ်မထားဘူး၊ ကျုပ်သိသလောက်ကတော့ ရာကျော်ပြီ ထင်တာဘဲ၊ အထိုင်အထ နည်းနည်းလေးတာဘဲရှိတယ်။ ဒီတောင်ကိုရောက်တော့ ရှစ်နှစ်လောက်ရှိနေပြီ၊ ဘယ်မြို့ဘယ်ရွာမှလဲ မရောက်ဖူးဘူး၊ ဘယ်နေရာ ဘာရှိတယ်ဆိုတာလဲ မသိဘူး၊ တောင်တွေဆိုရင် ဟိမ၀န္တာတောင်တန်း၊ တရုတ်တောင်တန်း၊ အိန္ဒယတောင်အထိ အကုန်ရောက်ဖူးတယ်။ တောင်ကြောတွေ ပေါ်မှာ အဆိပ်ရှိတဲ့သတ္တ၀ါကိုက်လို့ သေတာများတယ်။ သေတဲ့အခါမှာ မြေမမြုပ်ဘူး၊ စင်လုပ်ပြီး တင်ထား ကြတယ်။
    အဘရသေ့နဲ့ မဏိပူရတောင်ကြောပေါ်ရောက်သွားတော့ လူသေတွေ နှစ်ဆယ်လောက် ခွေးတွေ၊ နွားနောက်တွေ သေလို့ဆိုပြီး စင်တွေနဲ့တင်ထားတယ်။ ဘယ်တုံးက သေသလဲလို့မေးတော့ မနေ့ကသေတယ်လို့ ပြောပါတယ်။ ဘရသေ့က ကျုပ်ကို လူကလေး၊ ဒီလူတွေ မသေသေးဘူး၊ အဆိပ်မိပြီး မေ့နေတာလို့ ပြောပြီး ရွာခေါင်းကို ဘာဖြစ်တာလဲလို့မေးတော့ မြွေမှုတ်လို့ အဆိပ်တက်ပြီး သေတယ်လို့ ပြောပါတယ်။ မြွေကိုတော့ ၀ိုင်းရိုက်သတ်လိုက်တယ်လို့ပြောပြီး မြွေသေကို လိုက်ပြပါသည်။ အဘရသေ့က ဒါ နဂါးမီးစက်မြွေပဲကွ လို့ပြောပြီး ခင်ဗျားတို့ဆီမှာ ပြဒါးမရှိဘူးလား လို့မေးတယ်။ ရွာခေါင်းက ဟိုတောင်ထိပ် ပေါ်က ဘုန်းကြီးကျောင်းမှာတော့ရှိချင်ရှိမယ်။ ဘုန်းကြီးက အဂ္ဂိရတ်ထိုးတယ်လို့ ပြောပါတယ်။ ရွာခေါင်းမှာ ဘုန်းကြီးကျောင်းသို့သွားပြီ့း ပြဒါးပုလင်းယူလာရာ ဘုန်းကြီးပါ လိုက်လာပါတယ်။
    ဘုန်းကြီးက မြန်မာဘုန်းကြီးဖြစ်ပြီး ဘရသေ့က ရွာခေါင်းနှင့်ဘုန်းကြီးကို သေနေသူများနဲ့ တိရစ္ဆာန် များကို ပြဒါးနဲ့ သူရှင်အောင် ကုပေးမယ်လို့ပြောပြီး ရွာခေါင်းနဲ့ဘုန်းကြီးကို ခေါ်ပြီး အသေကောင်များထားရာ ရွာထိပ်သို့ သွားကြပါသည်။ ရွာထဲမှလူတွေလည်း အများကြီးလိုက်ကြည့်ကြသည်။ အဘရသေ့က ရွာခေါင်း ထံမှ ဇလုံတစ်လုံတောင်းပြီး ပုလင်းထဲမှ ပြဒါးများကိုလောင်းထည့်ပါတယ်။ ဇွန်းတစ်ချောင်းတောင်းပြီး အလောင်းကောင်များ အားလုံးရဲ့ နားထဲကို ပြဒါးအနည်းငယ်စီလောင်းထည့် ပေးလိုက်ပါတယ်။
    ကျုပ်တို့ကို ဘုန်းကြီးကျောင်းခေါ်သွားပြီး ထမင်းကျွေးတယ်။ ညနေစောင်းလောက်ကျတော့ ရွာခေါင်းနဲ့ ရွာသားများ၊ ကျောင်းပေါ်ပြေးတက်လာပြီး အသေကောင်တွေ လှုပ်လာပြီ၊ ဟိုဘက်ဒီဘက် လှည့်နေကြောင်း လာပြောကြပါတယ်။ ဘုန်းကြီးနဲ့ ရွာခေါင်းတို့ရဲ့ မေတ္တာရပ်ခံချက်အရ ကျုပ်တို့အဲဒီရွာမှာ သုံးရက်နေကြပါတယ်။ လူတစ်ယောက်နဲ့ နွားတစ်ကောင်သေတယ်၊ မြွေကနှစ်တောင်လောက်ရှိပြီး အလုံးက ခြေသလုံးလောက်ရှိတယ်။ ပြန်ခါနီး သွားကြည့်တော့ မြွေက ငှက်ပျောသီးခြောက်လို ဖြစ်နေပြီ။
    ပြဒါးဘယ်နည်းနဲ့ချက်ချက် ပြကျရင် အလွန်စွမ်းတယ်။ ပြဒါးပြာက နှစ်မျိုးရှိတယ်။ တစ်မျိုးက ရွှေဖြစ်တယ်။ နောက်တစ်မျိုးကရောဂါပျောက်ကင်းပြီး ကျန်းမာအသက်ရှည်တယ်။ ဤဆေးကိုဆေးဥာဏ် ဓါတ်ဥာဏ် ရင့်သန်သော၊ ပါရမီရှိသော ပုဂ္ဂိုလ်များ နန်းတွင်းတွင် အစဉ်အဆက်သုံးစွဲသော ဆေးဖြစ်တယ်လို့ အဘရသေ့က ပြောခဲ့တယ်။ 
    အဘရသေ့ ပေးခဲ့တဲ့ လင်္ကာကို မှတ်ခဲ့တယ်။
    နတ်ဆေးတမျှ စွမ်းထက်လှ
    ယမ်း၊ ဒု၊ ပ၊ ကျောက်၊ အမျှလောက်၊ ဒယ်အောက်မှင်ခံထား။
    တစ်ရွေး၊ နှစ်ရွေး၊ နာ-အင် ဆေး၊ ချင့်ပေး ဥာဏ်စဉ်းစား။
    မိုးနှင့်ဆောင်းခါ၊ ရှစ်လသာ၊ ပေးပါလူအများ။
    နူနာ၊ ဖြူနာ၊ ပျောက်သည်သာ၊ ကုပါအမျိုးသား
    မှင်မှ၊ ကျန်ကြွင်း၊ ဆေးဂျိုရင်း၊ ပွေးညင်းတင်းတိပ်များ။
    လိုရာသုံးနိုင်၊ အားလုံးပိုင်၊ ချင့်နိုင် ဆေးသကြား။
    ဆေးအကျိုးသွားအကျဉ်းကို ဒီလိုပြောခဲ့တယ်။
    မသန်နုနာ၊ လူပျိုနာနှင့် အိုင်းနာနာရင်၊ ခေါ်ကြလျှင်သည် ဂရင်ဂျီက စသည့်ငှက်ဖျား၊ ၀က်သက်များနှင့် စိတ်ထားမသာ၊ မောဟိုက်နာက၊ ရှူ၊ နာ၊ ပန်းနာစသည့်နာတွေ၊ ပျောက်ဖူးလေချည့်၊ ခြေသေ လက်သေ၊ ကိုယ်လုံးသေနှင့် ပေးလေတွန့်နာ တက်ကိုက်နာတုံ၊ ညောင်းညာထုံကျဉ် အနာမြင်သမျှ ပျောက်ကင်းရ၏။
    နှစ် (၃၀)အတွင်း ပြဒါးပြာဆေးနှင့် သတ္တ၀ါတွေကယ်ခဲ့တာ ရန်ကုန်၊ နတ္တလင်း၊ ရွှေတောင်၊ ပြည်၊ မကွေး၊ ရေနံချောင်း၊ ချောက်၊ ပုပ္ပါး၊ ပုဂံ၊ မြစ်ချေ၊ ပခုက္ကူ၊ မြိုင်၊ မိတ္ထီလာ၊ မြင်းခြံ၊ နထိုကြီး၊ မန္တလေး၊ စစ်ကိုင်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ပျဉ်းမနား၊ သာဝတ္ထိ၊ တောင်ငူ၊ ဒိုက်ဦး၊ ပဲနွယ်ကုန်း၊ ဘုရားကြီး၊ ပဲခူး၊ လှည်းကူး၊ မင်္ဂလာဒုံ၊ ဥက္ကလာတောင်/မြောက်၊ သာကေတ၊ လှိုင်သာယာ၊ ဆားမလောက်၊ ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း၊ လပွတ္တာ၊ ဟင်္သာတ၊ အိမ်မဲ၊ ပန်းတနော်၊ မြောင်းမြ၊ ၀ါးခယ်မ၊ မအူပင်၊ ကျောင်းကုန်း၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ ကျုံကဒွန်း၊ ကွမ်းခြံကုန်း၊ သထုံ၊ မော်လမြိုင်၊ ကရင်ပြည်နယ်တို့တွင် လူနာရာပေါင်းများစွာတို့သည် သက်သာပျောက်ကင်းချမ်းသာခဲ့ကြပါသည်။
    (၁) အားနည်းခြင်း၊ (၂) ခြေသေလက်သေဖြစ်ခြင်း၊ (၃) လေဖြတ်ခြင်း၊ ဆီးကျိတ်များဖြစ်ခြင်း၊ (၄)သွေးတိုးခြင်း၊ အသည်းရောဂါများ၊ နှလုံးရောဂါ၊ ထုံနာကျဉ်နာ၊ လေးဖက်နာ၊ ကျောက်ကပ်ရောဂါများ၊ သွေးကင်ဆာနှင့် ကင်ဆာမျိုးစုံ၊ အမျိုးသမီးများ သွေးတက်ခြင်း၊ မီးယပ်နာ၊ ဒူလာနာ၊ ဆီးချို၊ သွေးချို၊ ပန်းညှိုး၊ ပန်းသေခြင်း၊ ကလေးများကျွဲကျပ်ပါက ပုလင်းသေးသေးလေးနှင့် ပြဒါးအနည်းငယ်ထည့် လည်ပင်းနားဆွဲထားပေးပါက အချွဲများပုလင်းထဲသို့ သူ့အလိုလိုရောက်နေပြီး ချွဲမကျပ်တော့ပါ။ တောဘက်မှ အသုဘကို ရက်ကြာကြာထားချင်လျှင် ပြဒါးတစ်ကျပ်သား ပါးစပ်ကလောင်းထည့်ထားပါက (၇)ရက် မှ (၁၀)ရက် အတွင်း မပုပ်မသိုးအောင် ထားနိုင်ပါတယ်။
အရိယ၀ိဇ္ဇာ ရသာယန အသက်ရှည်ဆေး
    ဒီဘ၀တွင်ပင် တစ်မဂ်တစ်ဖိုလ် ရရန်ဖြစ်စေ၊ သာသနာပြုရာတွင် ဖြစ်စေ၊ ကျန်းမာပြီး အသက်ရှည်ရန် အလွန်အရေးကြီးပါသည်။ အသက်တော့ရှည်ပါ၏ ကျန်းမာရေးမကောင်းပါက အပြီးတိုင် ခရီးပေါက်ရန် မလွယ်ပါချေ။ ဒါကြောင့် ကျန်းမာပြီး အသက်ရှည်ရန် အရိယ၀ိဇ္ဇများ၏ အညွှန်းနှင့်အညီ ရသာယနအသက်ရှည်ဆေးကို ဖော်စပ်ပြီး ကျွန်တော်ကိုယ်တိုင်နှင့် အသက်(၇၀)ကျော် မိတ်ဆွေများပါ (၁၀)နှစ်ခန့် သုံးဆောင်ပြီးမှ လှူဒါန်းခြင်းဖြစ်သည်။
    အရိယာဝိဇ္ဇအရှင်တို့သည် ဓါတ်တို့ကို ကောင်းစွာအောင်နိုင်သူများဖြစ်၍ မိမိတို့၏ ရုပ်၊ နာမ်များကို နှစ်ပေါင်းရာထောင်သောင်းမက အဓွန့်ရှည်ကြာအောင် စွမ်းဆောင်နိုင်သူများ ဖြစ်ကြပါသည်။ အကြောင်း ဆိုသော် အောက်ပါအထောက်အထားများအရ ဖြစ်သည်။
    နေတ္တိပါဠိတော်တွင် သက္ကတေ၀၊ ဇရယ၊ ပဋိကမ္မံ၊ ကာတုံဟု ဆိုထားပါသည်။ ဇရာယ-အချိန်အရွယ်ကျလျှင် အိုရခြင်းတရား၏ ပဋိကမ္မံ-မအိုရလေအောင် ကြံဆောင်တားမြစ်မှုကို ကာတုံ-ပြုပြင်ခြင်းငှာ-သက္ကတေ၀-တတ်နိုင်ကောင်းသည်သာလျှင်တည်းဟူ၍ ရှင်ကစ္စည်းဟောသော ပါဠိတော်တွင် ဆိုထားပါသည်။
    မအိုစေရန် တတ်နိုင်သည်ဟု ဟောကြားတော်မူသဖြင့် မနာအောင်လည်း တတ်နိုင်ကောင်း သည်ဟု အနက်အဓိပ္ပါယ်သည် တစ်ပါးတည်း ထင်ရှားလျက်ရှိပါသည်။
    ယသယန၊ ဘေသဇ္ဇံပန၊ သုစိရံ၊ ပိကာလံဇီဝိတံ၊ ပဝေတ္တတုံ၊ သက္ကောတိယေ၀ ဟု အရှင်ဓမ္မပါလ ရေးသော ဋီကာ၌ရေးဆိုထားသည်။
    အနက်မှာ-
    ယသယန၊ ဘေသဇ္ဇံပန-ရသာယနဆေးမျိုးသည်ကား၊ သုစိရံပိကာလံ၊ အနှစ်တစ်ရာတမ်း၌ ငါးရာ တစ်ထောင်မကသော နှစ်ကာလပတ်လုံး၊ ဇီဝိတံ-အသက်လုံးကို ပဝေတ္တတုံ-တည်စေခြင်းငှာ။ သက္ကောတိ ယေ၀ စွမ်းဆောင်နိုင်သည်သာလျှင်တည်း ဟူ၍ မိန့်ဆိုထားပါသည်။
    ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ညွှန်းဆိုထားသော ၀ိဇ္ဇာမဂ္ဂဒီပနီကျမ်း၌ ရသာယန ဟူသော အပုဒ်ကို ရသာအာယန္တိ၊ ၀ဍ္ဎန္တိ၊ ဧတေနာတိ၊ ရသာယနံ ဟု ၀ိဂြိုလ်ပြုထားပါသည်။
    ဆိုလိုသည်မှာ-
    ဧတေန- ဤဓါတ်ဆေးမျိုးကြောင့်ရသော ရက်လနှစ်ပေါင်းထောင်သောင်းမက မြဲလှသော အသွေးအသားအစရှိသည့် ရသာဓါတ်တို့သည် အာယန္တိ၊ ၀န္တိ အစဉ်တိုးပွားနေကုန်၏။ ဣတိ ဤသို့သော အကြောင်းကြောင်းကြောင့် တံ-ထိုဓတ်ဆေးမျိုးသည် ရသာယနံ-ရသာယန ဆေးမျိုးမည်၏။
    အာယုဝန ဓတ်ဆေးမျိုးကို ဆိုလိုသည်။ ထို့ကြောင့် ရသာယနဆေးမျိုးတို့နှင့် မိမိ ရူပကာယခန္ဓာကို ရုပ်ပြောင်းသွားစေရန် တတ်နိုင်ပြီဆိုလျှင် ထောင်သောင်းအထိနေနိုင်မည့် သဘောကို ဆိုလိုခြင်းဖြစ်သည်။ မူလသပိတ်အိုင်တောရ ဆရာတော်ဘုရားကြီး ဦးကိတ္တိ၏ မိန့်မှာချက်
    (ကိစ္စမပြီးခင် သေသွားမှ ဒုက္ခ) တစ်မဂ်၊ တစ်ဖိုလ်ရရန် အားထုတ်နေသည့်သူများ၊ ဗုဒ္ဓသာသနာကို အဓွန့်ရှည်အောင်ပြုပြီး ကျေးဇူးဆပ်နေသူများ အသက်ရှည်အနာကင်းပြီး လိုရာခရီးပေါက်နိုင်ကြပါစေ။
    အမျိုးသားများအတွက်က (ဘီစီ 1037-997) နှစ်ပေါင်း (3000)ခန့်က အာရေဗျနိုင်ငံနန်းစံ ဆော်လမွန်ဘုရင်ကြီးဟာ သူ့ထံတွင် ဘိသက်ခံယူသော မိဖုရား (300)ရှိ၍ အမြှောင် (9700) ရှိတယ်လို့ ကမ္ဘာ့မှတ်တမ်းများအရ ဖတ်မှတ်ရတယ်။
    ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း မန္တလေး၊ ရတနာပုံ နန်းတည်မင်းတုန်းမင်းတရားသည်လည်း မိဖုရား၊ ကိုယ်လုပ်တော်အပါအ၀င် နန်းတော်တွင် အဆောင်နှင့်ထား (88)ပါးရှိတယ်လို့ ကြားဖူး၊ ဖတ်ဖူး၊ မှတ်ဖူးတယ်၊ နန်းတော်အပြင်က မပါသေးပါ။
    ဆရာဇ၀န၏ လက်သုံးစကားနဲ့ ပြောရရင်တော့
    ထူးလို့ပေါ့နော် ဟဲ ဟဲ ဟဲ
    ရောဂါဝေဒနာနုရင် ရွေးလေးစေ့ တစ်စေ့ခန့် (5)ရက်ခြား၊ တိုက်ရမယ်။ ရောဂါဝေဒနာပြင်းရင် ရွေးလေးစေ့တစ်စေ့ခန့် (3)ရက်ခြား တိုက်ရမယ်။
    အသက်အရွယ်ကို ချင့်ချိန်ပြီး ဘယ်အရွယ်မဆို၊ ဘယ်ဝေဒနာမဆို အချိန်မခါမရွေး တိုက်နိုင်ပါတယ်။ (၃)ခါတိုက်ပြီးလို့ လိုအပ်မည်ထင်ပါက (၁၀)ရက်ခြားပြီး ယခင်လိုဘဲ (၃)ရက်ခြား၊ (၃)ခါ ဆက်တိုက် တိုက်နိုင်ပါသည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ရောဂါဝေဒနာကြောင့် မေ့မြောနေနေ၊ အဆိပ်ရှိတဲ့ သတ္တ၀ါကိုက်လို့ မေ့မြောနေဆနေ ပြဒါးဆေးကို ပါးစပ်ထဲသို့ လူကို ရွေးကြီးစေ့ (၂)စေ့၊ တိရစ္ဆာန်ကို ရွေးကြီးစေ့ (၄)စေ့ခန့် ထည့်ပေးပြီး ဦးခေါင်းငယ်ထိပ်တည့်တည့်မှန်းပြီး အရေခွံကို သွေးအနည်းငယ် ထွက်အောင် ခြစ်ပေးပြီး ၎င်းဆေး ရွေးကြီးစေ့ (၂)စေ့ခန့်၊ တိရစ္ဆာန် ရွေးကြီးစေ့ (၄)စေ့ခန့်ကို သိပ်ထည့်ပေးပြီး (၅)မိနစ်ခန့် လက်ဖြင့် ဖိထားပါ။ နာရီဝက်၊ တစ်နာရီအတွင်း သက်သာ ပျောက်ကင်းစေပါသည်။
    မြွေပွေး၊ မြွေဟောက်၊ ငန်းတော်ကျားမြွေနှင့် အလွန်အဆိပ်ပြင်းထန်သော၊ အဆိပ်ရှိသော သတ္တ၀ါများ ကိုက်ပါက (၆)နာရီအတွင်းမှာ မျက်စိဝေခြင်း၊ ခြေလက်များရောင်ရမ်းခြင်း၊ ခါးအောင့်ခြင်း ဖြစ်လာတတ်ပြီး ကျောက်ကပ်များ ပျက်စီးကာ ဆီး၊ ၀မ်းသွားလျှင် သွေများပါလာတတ်ပါသည်။ ပြဒါးနှင့် ကုပါက သက်သာပျောက်ကင်း အသက်ချမ်းသာရာရစေပါသည်။
    ပြဒါးပြာကို အသက် (၄၀)နှစ်မှအထက် အမျိုးသား၊ အမျိုးသမီးအားလုံး ရွေးလေးစေ့ တစ်စေ့ခန့် (၁၀)ရက် တစ်ကြိမ် (၃)ခါသောက်ပါ။ နောက်ပိုင်း (၁၅)ရက်ခြား ဆက်သောက်သွားပါ။ ကျန်းမာပြီး အသက်ရှည်ပါမည်။ မည်သည့်ဆေးနှင့်မဆို တည့်ပါသည်။ နာရီဝက်ခြားသောက်ပါ။ စာရေးသူကိုယ်တွေ့ ဖြစ်ပါသည်။
    ပြဒါးပြုလုပ်နည်းကို ဖထီးသင်ပေးသည့်အတိုင်း ကိုယ်တိုင်လုပ်ရာ၌ အောင်မြင်စွာနှင့် သတ္တ၀ါများကို အနှစ်(၃၀)အတွင်း ကယ်တင်နိုင်ခဲ့ပါသည်။
  သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဦးတိုက်လျက်
ဦးစံသိန်း (သီလအဓိက)
  မှတ်ချက်
    မည်သည့်ဆေးနှင့်မဆို ပြဒါးဆေးကို အညွှန်းပါအတိုင်း နာရီဝက်ခြား၍ တိုက်နိုင်ပါသည်။ ရောဂါဝေဒနာများ အလွန်လျင်မြန်စွာ သက်သာပျောက်ကင်းစေပါသည်။ ဆေးအလိုရှိပါက စာရေးသူထံ မှာကြားပါ။ လှူဒါန်းပါမည်။
ပြဒါးပြာချက်နည်း
ဆေးချက်ရန် ပရိကံ
(၁) (၉)လက်မ (၁၀)လက်မခန့် မျက်နှာဝရှိသော သံပရာခွံဒယ်တစ်လုံး။
(၂) မျက်နှာဝ (၅)လက်မခွဲ (၆)လက်မခန့်ရှိသော အလယ်တည်ဟင်းသောက်ပန်းကန်တစ်လုံး။
(၃) အမှိုက်သရိုက်ကင်းသော သဲတစ်ပြည်ခန့် အသင့်ရှိစေရမည်။
ဆေးထည့်ပုံ အစီအစဉ်
(၁) ပြဒါး ၁ိ/- ကို အောက်ကထား။
(၂) ဒုက္ထာ ၁ိ/- ကို အမှုန့်ပြု၍ ပြဒါးပေါ်ကဖုံး။
(၃) ကျောက်ချဉ် ၁ိ/- ကို အမှုန့်ပြု၍ ဒုတ္ထကအပေါ်ကအုပ်။
(၄) ယမ်းစိမ်း ၁ိ/- ကို အပေါ်ဆုံးက ဖုံးအုပ်၍ ထားရမည်။
၎င်းလေးပါးကို အစဉ်အတိုင်း သံဒယ်၏ အလယ်မှာထားပါ။ အပေါ်က ပန်းကန်အုပ်၊ ပန်းကန်နှင့် သံဒယ်၏ နှုတ်ခမ်းအကြားကို ကော်ထေးရမည်။
ကော်လုပ်နည်း။
    ကျွန်ုပ်သည် ကော်အမျိုးမျိုးကို အသုံးပြုဖူး၏ လွယ်ကူသည်ကား သဲကော်ပင်ဖြစ်သည်။ သဲအခြောက် သက်သက်ကိုလည်း မသုံးရ။ အလွန်စိုရွှဲသော သဲကိုလည်း မသုံးရ။ သဲအခြောက်ကို ရေအနည်းငယ်ဖျန်း၍ လက်ဖြင့် ဆုပ်ကြည့်ပါ။ အာဗန္ဓနသဘော လက်ဖြင့်ဆုပ်၍ရသောအခါ အနည်းငယ် သဲကော်ကို ပန်းကန်နှင့်သံဒယ်ကြား သိပ်ပေး။ ပန်းကန်၏ဖင်နှင့် သံဒယ်၏နှုတ်ခမ်းတိုင်အောင် သဲကော်ကို ဖုံးအုပ်ပေးပါ။ သဲအဆင်မပြေလျှင် ပြာကိုလည်း အသုံးပြုနိုင်၏။ သဲကော်က ပို၍ကောင်း၏။
မီးအချိန်အဆ
    ဆေးပေါ်ကအုပ်ထားသော ပန်းကန်၏ ဖင်ထဲ၌ ရေကိုထည့်ထားပါ။ ရေ (၃)ကြိမ်ခန်းလျှင် မီးအချိန် တော်သည်ကို တွေ့ရသည်။ အချို့က ရေ (၆)ရေခန်းအောင် မီးတိုက်၏။ မီးအချိန်ော်ဟူသည် ဆေးအရောင်ပေါ်မှာ မူတည်၍ ပြောဆိုရခြင်းဖြစ်၏။ ဆေးအရောင်သည် (အ၀ါရောင်) ဟင်္သာပဒါးရောင်လို အနီရောင်ရှိသည်ကိုဆိုသည်။ ဆေးဖြူလျှင် မီးနုသည်ဟု ဆို၏။
သတိ
    ဆားဓါတ်ပါလျှင် အရောင်ဖြူသည်။ မီးသည် အလွန်အရေးကြီး၏။ မီးမတတ်လျှင် ဆေးမရချေ။ (ဆင်ခြင်ရန်သဘောတရား) ယမ်း၊ ကျောက်ချဉ်၊ ဒုတ္ထာတို့သည် အရည်ပျော်သော ဓါတ်မျိုးဖြစ်၍ အပူနှင့် တွေ့သော် အရည်ပျော်ကြရ၏။ မီးပြင်းလျှင် အရည်ပျော်မှုမြန်ခြင်းနှင့် များခြင်းကြောင့် အုပ်ထားသော ပန်းကန်နှုတ်ခမ်းမှ အရည်များမီးထွက်၍ ပြဒါးကို ခေါ်ဆောင်သွားသဖြင့် ဆေးကိုမရရှိခြင်းဖြစ်သည်။ ထို့ကြောင့် ရှေးဦးစွာ နာရီဝက်ခန့်မီးကို ညင်းညင်းသက်သာစွာ ပေးရပါသည်။ လက်သန်းလောက် ထင်းချောင်းကလေးများဖြင့် မီးကို ကစားပေးပါ။ ဒုတ္ထာနှင့်ကျောက်ချဉ်မှ အရည်ပျော်ပြီး အရည်ခန်းလောက် အခါတွင်းမှ ဒုတ္ထာမီးပေါက်၊ ကျောက်ချဉ်မီးပေါက်၊ ပြန်လောက်သောအခါမှ မီးပြင်းပြင်းထိုးရမည်။ ဆေးအိုးအတွင်းမှ ရှဲရှဲဟူသော အသံပျောက်သောအခါမျိုးကို ဆိုလိုသည်။
ဆေးအချိန်အရ
    မီးသင့်လျှင် ဆေး ၁ိ/- စီစုမိလျှင် (၃)မတ်သားခန့် မလွှဲတမ်းရပါသည်။ ဆေးကို ၁ိ/ ၈ သား စီထက် ပို၍ မစုသင့်ချေ။ ဒယ်၏ဖင်၌ထားသော ဆေးမှ အထက်ပန်းကန်ဖင်သို့ ရှောင်ထွက်၍ တက်လာသော ဆေးများဖြစ်၍ ၎င်းဆေးကို ရှောင်ဆေးဟုမှည့်ခေါ်ကြ၏။ ဒယ်ဖင်မှ ကျန်သောဆေးများကို ဆေးဂျိုးဟုခေါ်သည်။ ရှောင်ဆေးကို နာမည်ကျော်ကြားသော ဆရာကြီးများ လျှို့ဝှက်စွာ အသုံးပြုကြ၏။
===================================================
 Article -2
ယောဗ္ဗနသိဒ္ဓိဆေးဒါန်းအစွမ်း
    ယောဗ္ဗနသိဒ္ဓိဆေးဒါန်း၊ သောက်စမ်းကွဲ့သူငါ၊ (၉၆)ရောဂါပျောက်မှာ အတုမဲ့ဇဗ္ဗူ ကန့်တစ်ကျပ် ဆေးဒါန်းတစ်ကျပ်ကိုလ၊ ထည့်စမ်းကွဲ့ လုံနီနီမှာ၊ ဆူပွက်ခါ ဝေလာခိုက်၊ မွှေလိုက်ကွဲ့ ဧကန်မြစ်ပါ၊ မဲညိုကာ သပိတ်ရောင်ပြောင်းရင်ဖြင့် ချလိုက်အအေးခံပါ။ အတုံးအခဲဖြစ်လာက ဥာဏ်ကြီးလိုသလိုသုံး၊ မှာခဲ့တဲ့ ကျေးဇူးရှင်၊ ဘိုးဘွားဘီဘင်။
    ဖားအောက်ရိပ်သာမှ တရားပြဆရာတော်ဦးအဂ္ဂညသည် စင်္ကာပူနိုင်ငံ ဖားအောက်ရိပ်သာ တရားပြစဉ် ရိပ်သာတွင် စင်္ကြန်လျှောက်နေခိုက် အဆိပ်ပြင်းသတ္တ၀ါ တစ်ကောက်အကိုက်ခံရသည်။ အဆိပ် တက်ပြီး ခြေထောက်မှာ ရောင်ပြီးကိုက်ခဲလာပါသည်။ မခံနိုင်အောင် ကိုက်လာသဖြင့် ကျောက်ကပ်ထိမှာ စိုးရိမ်ရ၍ ရန်ကုန်လေယာဉ်ကွင်းတွင် ဆရာတော်၏ မိတ်ဆွေပေးလိုက်သော ဂမ္ဘီရပြဒါးပြာ (၅)ထုပ်မှ (၂)ထုပ်ယူခိုင်းပြီး သောက်လိုက်ပါသည်။ မိနစ်နှစ်ဆယ်ခန့်အကြာတွင် ၀မ်းများ၊ ဆီးများသွားပြီး သက်သာသွားပါသည်။ ရိပ်သာမှ ဒကာ၊ ဒကာများက  ဘာဆေးလဲလို့မေးကြရာ ဆရာတော်က မြန်မာပြည်က ရန်ကုန်မှ ဦးစံသိန်း (သီလအဓိက)၏ ဂမ္ဘီရပြဒါးပြာဖြစ်ကြောင်းပြောပြရာ ဒကာမတစ်ယောက်က သူ့အဖေ ကင်ဆာရောဂါအဆင့် (၂)ဖြစ်ပြီး ဆေးရုံတွင် တင်ထားပါသည်။ ညတိုင်း ကိုက်ခဲနေသဖြင့် ဒီဆေးကိုက်တိုက်ချင်ကြောင်း ပြောပြသည်။ (၃)ထုပ်ယူသွားပြီး တိုက်ရာ အကိုက်အခဲ သက်သာသဖြင့် ရန်ကုန်သွားပြီး ဂမ္ဘီရပြဒါးပြာကို ယူခဲ့ပါသည်။
    ဆရာတော်သည် နောက်တစ်ကြိမ် စင်္ကာပူရိပ်သာသွားရန် ကျွန်တော့်ထံလာပြီး ဒကာ၊ ဒကာတွေ အတွက် ဂမ္ဘီရပြဒါးပြာ အလှူခံပါသည်။ ကျွန်တော် ဂမ္ဘီရပြဒါးပြာ အထုပ် (၅၀)ဘဲရှိသဖြင့် ဆရာတော်ဘုရား တပည့်တော်မှာ ဂမ္ဘီရပြဒါးပြာ အထုပ် (၅၀)ဘဲရှိသည့်အတွက် ၎င်းကဲ့သို့ အစွမ်းထက်တဲ့ ယောဗ္ဗနသိဒ္ဓိဆေးထုပ် (၅၀)ကိုပါ လှူလိုက်ပါသည်ဘုရားလို့ လျှောက်ထားပြီး လှူလိုက်ပါသည်။ ဆရာတော်သည် စင်္ကာပူမှ ရန်ကုန်ပြန်လာပြီး ကျွန်တော်နှင့်တွေ့တိုင်း ယောဗ္ဗနသိဒ္ဓိဆေးဒါန်းဟာ ဂမ္ဘီရပြဒါးပြာလိုဘဲ အလွန်စွမ်းတာဘဲ၊ ဒကာကြီးပေးလိုက်တဲ့ ဂမ္ဘီရပြဒါးပြာကုန်တာနဲ့ ယောဗ္ဗနသိဒ္ဓိဆေးဒါန်း ပေးတ ဂမ္ဘီရပြဒါးပြာလိုဘဲ ရောဂါတွေ ပျောက်ကင်းကြတယ်။ သူရဇ္ဇမဂ္ဂဇင်းမှာ ယောဗ္ဗနသိဒ္ဓိဆေးဒါန်း လုပ်နည်းအသုံးပြုပုံကို အများအကျိုးအတွက် ရေးသားဖော်ပြပေးရ် တွေ့တိုင်းတိုက်တွန်းချက်အရ ရေးသားလိုက်ပါသည် ခင်ဗျား။
    ကျွန်တော့အဘိုးသည် ရေနံချောင်းမြို့မှ တွင်းစားတစ်ယောက်ဖြစ်ပါသည်။ ရေနံချောင်းလှေကြီးထဲ တွင် ရေနံများ ၀မ်းထဲပုံ၍ ညောင်တုန်းသို့ မကြာမခကြာ သွားရောင်းခဲ့ပါသည်။ ညောင်တုန်းမြို့ ရေနံမထွက်ပါ။ ဒါပေမယ့် ဧရာဝတီတိုင်းနှင့် တစ်ပြည်လုံးတွင် ညောင်တုန်းရေနံဟူ၍ နာမည်ကြီးခဲ့ပ့ါသည်။ ကျွန်တော့်အဘိုးသည် အသက် (၇၀)ခန့်ရှိပြီး ခါးဆစ်မှာ အနာဖြစ်၍ အရိုးကြီးငေါထွက်နေပါသည်။ လအတော်ကြာ ဆရာမျိုးစုံနှင့် ကုသသော်လည်း မပျောက်ပါ။ ရေနံချောင်းမှ ဧရာဝတီတိုင်း ညောင်တုန်းမြို့မှ ဧရာဝတီမြစ်မှ စုံဆင်းပြီး ညောင်တုန်းမြို့သို့သွားရာ တစ်ခါတစ်ရံ သုံးလ၊ ခြောက်လမှ တစ်နှစ်ခန့်အထိ ကြာပါသည်။ အဘိုးသည် ဒီတစ်ခေါက် ညောင်တုန်းမြို့မှ ပြန်လာရာတွင် သူ့ခါးဆစ်မှ အရိုး ငေါထွက်နေသော အနာပျောက်သွားပြီဟု ပြောပြီး သူ့အဘွားကြီးနှင့်တကွ အားလုံးကို ငါ့အနာပျောက်သွားကြောင်း ပြသပြီး အနာကုရာတွင် ထည့်သော ဆေးတုံးကြီးကိုလည်း ပြပါသည်။ ဆေးတုံးမှာ ကွမ်းသီးနှစ်လုံးခန့်ရှိပြီး သပိတ်ရောင်ထနေသော မဲမဲအတုံးကြီးဖြစ်ပါသည်။ ဒီဆေးတုံးဟာ ယောဗ္ဗနသိဒ္ဓိဆေးဒါန်းလို့ ခေါ်သည်ဟု ပြောပါသည်။ ညောင်တုန်းမြို့မှ ဆရာကြီးတစ်ယောက်ကို ခါးဆစ်မှ အနာကိုပြရာ ဆရာကြီးက ဒီဆေးကို ဖော်ပေးပြီး နှမ်းဆီဖြင့် သွေးပြီးလိမ်းခိုင်းပါသည်။ အ၀တ်ပါးပါးကို ဆေးရည်သုတ်၍ အနာထဲကိုထည့်သည် ရေနှင့်သွေးပြီး သောက်လည်းသောက်ခိုင်းပါသည်။ ၎င်းဆရာကြီး လုပ်ခိုင်းသည့်အတိုင်း လုပ်ခဲ့ရာ (   )ရက်ခန့်အကြာမှာ အကိုက်အခဲအနာများ သက်သာလာပြီး အနာမှာ တစ်ဖြည်းဖြည်း ကျက်လာပါသည်။ (   )ရက်ခန့်အကြာတွင် လုံးဝကျက်သွားပါသည်။ အဘိုးလည်း ဆရာကြီးကို ထိုက်တန်သလောက် ကန်တော့ရာ ဆရာကြီးမှ ယောဗ္ဗနသိဒ္ဓိဆေးဒါန်းလုံတစ်ခုကို အဘိုးကို ပေးလိုက်ပြီး ဖော်စပ်နည်းပါ ပေးလိုက်ပါသည်။ ဆရာကြီးမှ သူသည် ဆေးဝိဇ္ဖာအတတ်ကို သူ၏ ဘိုးဘွား ဘီဘင်များထံမှ သင်ယူခဲ့ခြင်းဖြစ်တယ်လို့ ပြောပြပါသည်။ ညောင်တုန်းတစ်နယ်လုံးသာမက ဧရာဝတီတိုင်း အတွင်းရှိ မြို့တိုင်းနီးပါးသို့ သွားရောက်၍ ယောဗ္ဗနသိဒ္ဓိဆေးဒါန်းနှင့် ကုသခဲ့ရာ ရောဂါများ သက်သာ ပျောက်ကင်းကြောင်း ပြောပြပါသည်။
    ယောဗ္ဗနသိဒ္ဓိဆေးဒါန်းသည် အလွန်အစွမ်းထက်ပါသည်။ ကိုင်ဆောင်အသုံးပြုသူဆရာမှာ လမြဲလျှင် မြဲသလောက် အတိုင်းအတာမရှိ အစွမ်းထက်သည်ဟု ပြောပါသည်။ ယောဗ္ဗနသိဒ္ဓိဆေးဒါန်း လုပ်နည်းနှင့် ၎င်းကိုယ်တိုင်ကုသခဲ့သော ရောဂါများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။  
ယောဗ္ဗနသိဒ္ဓိဆေးဒါန့်း ပြုလုပ်နည်း
ယောဗ္ဗနသိဒ္ဓိဆေးဒါန်း သောက်စမ်းကွဲ့ သူငါ၊ ကိုးဆယ့်ခြောက်ရောဂါပျောက်မှာ၊ အတုမဲ့ ဒီပါ၊ ကန့်တစ်ကျပ် ဆေးဒါန်းတစ်ကျပ်ကိုလ ၊ ထည့်စမ်းကွဲ့ လုံနီနီမှာ ဆူပွက်ခါဝေလာခိုက်၊ မွှေလိုက်ကွဲ့ ဧကရာဇ်မြစ်ပါ၊
မဲညိုကာ သပိတ်ရောင်ပြောင်းရင်ဖြင့် ချလိုက်အအေးခံပါ။ အတုံးအခဲဖြစ်လာကာ ဥာဏ်ကြီးရှင် သလိုသုံး၊ မှာခဲ့တဲ့ ကျေးဇူးရှင်ဘိုးဘွာဘီဘင်။
သက်သာပျောက်ကင်းသောရောဂါများ
၁။    အနာပဆုပ်ဖြစ်လျှင် ရေနှင့်သွေးသောက်၊ နှမ်းဆီဖြင့် သွေး၍ လိမ်းပေး ထည့်ပေး။
၂။    လေးဘက်နာဖြစ်လျှင် ရေနှင့်သွေးသောက်၊ နှမ်းဆီဖြင့် သွေးလိမ်း။
၃။    နားလေး၊ နားထိုင်းလျှင် အုန်းဆီဖြင့် သွေး၍ ကြပ်ပေး။
၎။    နှလုံးရောဂါမှန်သမျှ ပျားရည်နှင့်သွေးသောက်။
၅။    ကြို့ကြီးထိုးလျှင် သံပုရည်နှင့်သွေးသောက်။
၆။    ပင်လယ်အူနာဖြစ်လျှင် သံပုရည်နှင့်သောက်။
၇။    သွေးဝမ်းသွားလျှင် ၀မ်းကိုက်လျှင် သံပုရည်နှင့်သွေးသောက်။
၈။    အသဲရောဂါများရေနှင့်သွေးသောက်။    
၉။    အသားဝါရောဂါဖြစ်လျှင် သံပုရည်နှင့်သွေးသောက်။
၁၀။    ပွေး၊ ၀ဲ၊ ဒက်၊ ယားနာ မှန်သမျှ သံပုရည်နှင့်သွေးလိမ်း။
၁၁။    မျက်စိတိမ် သလ္လာစွဲကပ်လျှင် လူနို့ရည်နှင့်သွေး၍ မျက်စိကိုကွင်းပါ။
၁၂။    ကလေးရင်ကြပ်၊ ရင်ပြည့်၊ ရင်ကယ်ဖြစ်လျှင် နှမ်းဆီဖြင့် သွေးလိမ်း။
၁၃။    လည်ပင်းကြီးရောဂါဖြစ်လျှင် ရေဖြင့် သွေးသောက်၊ နှမ်းဆီဖြင့် သွေးလိမ်း။
၁၄။    အပူလောင်လျှင် နှမ်းဆီဖြင့် သွေးလိမ်း။
၁၅။    အူကျ၊ မအရောင်ဖြစ်လျှင် ရေဖြင့်သွေးလိမ်း၊ သွေးသောက်။
၁၆။    လိပ်ခေါင်း၊ ဂရင်နီနာဖြစ်လျှင် နှမ်းဆီဖြင့်သွေးလိမ်း၊ သွေးသောက်။
၁၇။    သွားနာ၊ သွားကိုက်လျှင် ရေနှင့်သွေး၍ သွားခြေမှလိမ်း။
၁၈။    လေထိုးလေအောင့်လျှင် သံပုရည်နှင့်သွေးသောက်။
၁၉။    အဖုအကြိတ်၊ ရေဖြင့်သွေးသောက်၊ နှမ်းဆီဖြင့်သွေးလိမ်း။
၂၀။    လေငန်း၊ လေဖြတ်မဖြစ်အောင် သံပုရည်နှင့်သွေးသောက်။
၂၁။    အစာအိမ်ရောဂါဖြစ်လျှင် ရေနှင့်သွေးသောက်။
၂၂။    ချောင်းဆိုး၊ ရင်ကြပ်၊ ပန်းနာဖြစ်လျှင် သံပုရည်နှင့်သွေးသောက်။
၂၃။    ညှင်း၊ တင်းတိတ်၊ ၀က်ခြံ သနပ်ခါးရည်ကျဲနှင့်သွေးလိမ်း။
၂၄။    ဒူလာ၊ မီးယပ် ပျားရည်နှင့်သွေးသောက်။
၂၅။    ဆီချုပ်၊ ဆီးပူ၊ ဆီးအောင့်လျှင် သကြားရည်နှင့်သွေးသောက်။
၂၆။    ထိပ်ကပ်နာဖြစ်လျှင် ရေနှင့်သွေးသောက်၊ အမှုန့်လုပ် မီးခိုင်းမှိုင်းရှူ။
၂၇။    ၀ဲနှင်းခူနှင့် အရေပြားရောဂါများ သံပုရည်နှင့်သွေးလိမ်း၊ သွေးသောက်။
၂၈။    မြွေပွေး၊ မြွေဟောက်အဆိပ်ရှိသော ဘယ်မြွေကိုက်ကိုက် သံပုရည်ရည်နှင့်သွေး၍ ဟင်းခပ်ဇွန်း တစ်ဇွန်း စာတိုက်၊ နှစ်နာရီခြား သုံးကြိမ်တိုက်၊ ဒါဏ်ရာပတ်ဝန်းကျင်ကို သံပုရည်နှင့် ယောဗ္ဗနသိဒ္ဓိဆေးဒါန်း ထိုးပေးပါ အကိုက်ခံရသည့် နေရာကို နှမ်းဆီနှင့်သွေးလိမ်း။
၂၉။    ကလေးများဝမ်းပျက်လျှင် ပျားရည်နှင့် သွေးတိုက်။
၃၀။    အနာဟောင်း၊ အနာဆွေးများ နှမ်းဆီဖြင့် သွေးလိမ်း။
၃၁။    အဖျားရောဂါမှန်သမျှ ပျားရည်ဖြင့် သွေးတိုက်။
၃၂။    မီးယပ်သွေးလွန်လျှင် သကြားရည်ဖြင့် သွေးတိုက်။
၃၃။    ရေစီကမ်းပြိုဖြစ်လျှင် နှမ်းဆီဖြင့်သွေး၍ ထည့်ပေး၊ ရေဖြင့်သွေးတိုက်။
၃၄။    ခွေးကိုက်ခံရလျှင် ရေနှင့်သွေး၍တိုက်၊ အကိုက်ခံရသည့် နေရာလိမ်းပေ။
၃၅။    ခွေးရူးကိုက်ခံရလျွှင် ခွေးရူးပြန်လျှင် သပြုပင်မှ သပြုသီး၏ အရည်နှင့်ဖြစ်စေ၊ အခေါက်မှ ညှစ်၍ ရသော အရည်နှင့်ဖြစ်စေ၊ အရွက်မှညှစ်၍ ရသော အရည်နှင့်ဖြစ်စေ၊ အကြမ်းပုဂံလုံး တစ်လုံးခန့်ကို ယောဗ္ဗနသိဒ္ဓိအမှု့န်ထောင်းပြီး ရွေးကြီးစေ့ (၆)စေ့ခန့်ထည့်၍ (၃)ကြိမ်တိုက်ပါ။
၃၆။    သမင်နီ၊ သမင်ဖြူဖြစ်လျှင် သံပုရည်နှင့်သွေးလိမ်း၊ သွေးသောက်။
၃၇။    ထိခိုက်ဒဏ်ရာအနာတရဖြစ်လျှင် နှမ်းဆီဖြင့်သွေးလိမ်း၊ ရေဖြင့်သွေးသောက်။
၃၈။    သွေးဆန်လျှင် နွားနို့ဖြင့်တိုက်ပါ။
၃၉။    ဒူလာ၊ ပါဒရပ်၊ မြင်းသရိုက်စွဲလျှင် ပျားရည်ဖြင့် သွေးတိုက်။
၄၀။    ကိုယ်တစ်ခြမ်းသွေးလေ မလျှောက်၍သေလျှင် ငုပြုတ်ရေနှင့်တိုက်ပါ။ လိမ်းလည်းလိမ်းပါ။
၄၁။    သားမဖွားနိုင်လျှင် နှမ်းဆီဖြင့် သွေးပြီးလိမ်းပါ။ တိုက်လည်းတိုက်ပါ။
၄၂။    အနာများရောင်လျှင် ဆန်ဆေးရေနှင့် သွေးလိမ်းပါ။
၄၃။    ကာလနာကို ဆန်ပုန်းရေဖြင့် သွေးသောက်ပါ။
၄၄။    ကလေးသူငယ်နာပေါ်လျှင် အမေ့နို့နှင့်တိုက်ပါ။ ပုန်းရေနှင့်သွေး၍ တစ်ကိုယ်လုံး လိမ်းပေးပါ။
၄၅။    အော့အန်လျှင် ပျားရည်နှင့်သွေးတိုက်ပါ။
၄၆။    ခြေလက်ကျိုးလျှင် ဆုံဆီနှင့်သွေးလိမ်းပါ။ ကြပ်လည်းစည်းပေးပါ။
၄၇။    သွေးမုတ္တ၊ လေမုတ္တစွဲလျှင် သံပုရည်နှင့်သွေးလိမ်းပါ။ သောက်လည်းသောက်ပါ။
၄၈။    ရေယုန်ပေါက်လျှင် ကင်းပွန်းရွက်အရည်နှင့် သွေးလိမ်းပါ။
၄၉။    အသားမာပေါက်လျှင် အုန်းဆီဖြင့် သွေးလိမ်းပါ။
၅၀။    ခံတွင်းစက်တန့်ဖြစ်လျှင် နှမ်းဆီဖြင့် သွေးလူးပါ။ ရေနှင့်သွေးတိုက်ပါ။
၅၁။    မိုးကြိုးပစ်၍ စက်ကွင်းမိနေပါက သကြားရေနှင့်သွေး၍တိုက်ပါ။
၅၂။    ကျောက်ပေါက်လျှင် ဇီးသိမ်းအစိမ်းရည်နှင့်သွေး၍ တိုက်ပါ။
၅၃။    ကျွဲနာ၊ နွားနာ၊ ၀မ်းသွား၊ သွေးပါလျှင် ဆန်ဆေးရည်နှင့် သွေး၍တိုက်ပါ။
၅၄။    နွားများ၊ လျှာနာ၊ ခွာနာဖြစ်လျှင် ရေနှင့်သွေး၍ တိုက်ပါ။ လျှာနှင့်ခွာကိုလည်း လိမ်းပေးပါ။
၅၅။    မီးလောင်သောဒဏ်ရာများကို နှမ်းဆီဖြင့် သွေးလိမ်းပါ။
၅၆။    အအေးဖျား၊ အပူဖျားဖြစ်လျှင် ပျားရည်နှင့်သွေး၍ တိုက်ပါ။
၅၇။    ကလေးသူငယ်များ အသံမထွက်လျှင် ရေနှင့်သွေး၍ ချက်မှာထည့်ပါ။ တိုက်လည်းတိုက်ပါ။
၅၈။    သကျည်းလွဲလျှင် နှမ်းဆီနှင့်သွေးလူးပါ။
၅၉။    ကာလ၀မ်းရောဂါဖြစ်လျှင် ထုံးကြက်တက်ရေနှင့် သွေး၍တိုက်ပါ။
၆၀။    ထုံကျဉ်ကိုက်ခဲသော် နှမ်းဆီနှင့်သွေးလူးပါ။
၆၁။    ကျောက်ကပ်ရောဂါဖြစ်လျှင် ရေနှင့်သွေးတိုက်ပါ။
၆၂။    အာရုံကြောရောဂါအားလုံးကို ရေနှင့်သွေးတိုက်ပါ။၏
မှတ်ချက်။    မည်သည့်ရောဂါမဆို မိမိဥာဏ်ရှိသလို တိုက်နိုင်ပါသည်။
ရွေးကြီးစေ့ (၁)စေ့မှ (၈)စေ့ခန့်အထိ ရောဂါအလိုက် ချင့်ချိန်တိုက်ပါ။
အဘိုးသည် ရေနံတွင်းစားဖြစ်ပြီး စနေနံဘုရားနားတွင် တိုက်နှင့်နေသူဖြစ်ပြီး ခြံထဲ ဂမုန်းမျိုးစုံနှင့် ဆေးဖက်ဝင် အပင်မျိုးစုံစိုက်ထားပါသည်။ အင်္ဂလိပ်ခေတ်ဖြစ်သဖြင့် ရေနံလုပ်သား မိသားစုများ အလွန် ဆင်းရဲကြပါသည်။ ရေနံလုပ်သား မိသားစုများနှင့် ပတ်ဝန်းကျင်နေထိုင်သူ မိသားစုများ နေထိုင်မကောင်း ဖြစ်ပါသူက သူ၏ ယောဗ္ဗနသိဒ္ဓိဆေးဒါန်းခဲကြီးနှင့် လူကြီးလူငယ်မရွေး နှမ်းဆီဖြင့် သွေး၍တစ်မျိုး၊ သနပ်ခါး သွေး၍တစ်မျိုး၊ ပျားရည်နှင့်သွေး၍ တစ်ဖုံ၊ ရေနှင့်သွေး၍ တစ်ဖုံ၊ လိမ်းသင့်သူကိုလိမ်း၍ တိုက်သင့်သူကို တိုက်ပေးခဲ့ပါသည်။ တစ်နေ့နံနက်တွင် ရေနံဝန်ရုံးမှ စာရေးကြီးတစ်ဦးနှင့် အင်္ဂလိပ်လူမျိုး ဇနီးမောင်နှံ ရောက်လာပါသည်။ စာရေးကြီးက အဖိုးကို အင်္ဂလိပ်ဇနီးမောင်နှံနှင့် မိတ်ဆက်ပေးပါသည်။ သူက ရေနံဂေဂျာခေါ် ရေနံအင်စပက်တော် မစ္စတာစမစ်ဖြစ်ပါသည်။ ဒါက သူ့မိန်းမပါ။ လည်ပင်းမှာ အကြိတ်ပေါက် အနာဖြစ်နေသဖြင့် အစာလည်းကောင်းကောင်း မစားနိုင်ပါ။ ကျွန်တော်တို့ဌာနမှ ဆရာဝန် ဆီသွားပြီး ဆရာဝန်က ဆုံဆို့နာလို့ ပြောပြီး ခွဲစိတ်ကုသရမယ်လို့ ပြောပါသည်။ ဒီနေရာက အရေးကြီးတယ် ကိရိယာ လည်းမရှိဘူးလို့ ပြောပါတယ်။ ရုံးချုပ်ဆေးခန်းကို သွားပြရန်ညွှန်းပါသည်။ ကာယကံရှင်က ခွဲကုရမှာ ကြောက်တော့ ကျွန်တော်တို့ မခွဲစိတ်ရဘဲ ပျောက်အောင်ကုနိုင်သည့် တိုင်းရင်းနည်းကုသည့် ဆေးဆရာမရှိဘူးလား မေးသဖြင့် လအတော်ကြာကပင် ရေနံလုပ်သားများနှင့် ပတ်ဝန်းကျင် ရောဂါရှင်များကို တွင်းစားကြီး အနေနှင့် ကုသပေးနေတာကို ပြောပြလိုက်ပါသည်။ ၎င်းတို့က တွင်းစားနှင့် တွေ့ပြီး မေးမြန်းစုံစမ်းရန် တွင်းစားက လိုက်ပို့ခိုင်းသဖြင့် ကျွန်တော်လိုက်ပို့ခြင်း ဖြစ်ပါတယ်လို့ ပြောပါသည်။
ယောက်ျားဖြစ်သူက သူ့မိန်းရောဂါကို ပြပြီး ကုသနိုင်၊ မကုသနိုင်ကို စာရေးကြီးမှ အင်္ဂလိပ်လိုမေးရာ အဘိုးက ကုသနိုင်ကြောင်း ပြန်ပြောသဖြင့် ဂါထာနှင့် မန်းကုလားမှလား၊ ဓါးနှင့်ခွဲကုမှာလား၊ ဆေးလိမ်းပြီး ကုမှာလားလို့ မေးပါသည်။ အဘိုးက ဓါးနှင့်လည်းမခွဲ၊ မန်းမှုတ်လည်း မကုဘူး၊ ဒီလည်ပင်းက အနာကို ညာဘက်မှာဖြစ်တဲ့အတွက် ညာဘက်လက်ညှိုးထိပ်သို့ အနာကိုပြောင်းရွှေ့ပြီး ဆေးထည့်ဆေးလိမ်း ကုမယ်လို့ ပြောပါသည်။ ဘယ်နှစ်ရက်ကြာမလဲလို့မေးရာ (၅)ရက်မှ (၇)ရက်အတွင်း ပျောက်မယ် ပြောလိုက်ပါသည်။ ဘယ်နေ့စကုမလဲ၊ ဘာတွေယူခဲ့ရမလဲလို့ မေးရာ အဘိုးက ဘာမှမလိုပါဘူး၊ ကြက်သွန်ဥတစ်လုံး ကြီးကြီး (၇)လုံးနှင့် ပတ်တီးလိပ်ယူလာခဲ့ရန် ပြောလိုက်ပါသည်။
နောက်တစ်နေ့ နံနက် (၉)နာရီခန့်တွင် ၎င်းတို့ ဇနီးမောင်နှံ စာရေးကြီးနှင့် အခြားမြန်မာ အမျိုးသားတစ်ယောက်ပါ ရောက်လာကြပါသည်။ အဘိုးက ကြက်သွန်ဖြူဥ (၇)လုံးနှင့် ပတ်တီး လိပ်ကိုယူ၍ ဘုရားစင်သွားကာ ငါးပါးသီလခံယူပြီး ၎င်းတို့ကို ဘုရားစင်ရှေ့ရှိ ဧည့်ခန်းမတွင် ထိုင်ခိုင်းပါသည်။ ကာယကံရှင် လူနာ၏ခြေရင်းဘက်သို့ ခြေဆင်းထိုင်ခိုင်းပြီး လက်နှစ်ဖက် ကိုလည်း ဘေးတွင် ချထားခိုင်းပါသည်။ လက်ဝါးကိုလည်း မှောက်ထားခိုင်းပါသည်။ ကြက်သွန်ဖြူ (၇)ဥကို အခွံခွာပြီး ထိပ်ကို ဓါးနှင့်လှီး၍ လည်ပင်းညာဘက်တွင် ဖြစ်ပေါ်နေသော အကြိတ် အနာကို ကြက်သွန်ဖြူတစ်ဥယူပြီး လည်ပင်းအကြိတ်မှ ညာဘက်လက်တစ်လျှောက် ကြက်သွန်ဖြူ ဖြင့် ပွတ်ဆွဲပြီး လက်မလက်သည်းပေါ်တွင် ထားခဲ့ပါသည်။ ကျန်လက်ချောင်းများ ကိုလည်း အထက်ပါအတိုင်း လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်းအစဉ်အတိုင်း ထားခဲ့ပါသည်။ ကြက်သွန်ဖြူဥ နှစ်လုံးမှ တစ်လုံးကို အထက်ပအတိုင်း ကိတ်မှ ပွတ်တိုက်ဆွဲသွားပြီး လက်သည်းပေါ်တွင် ထားခဲ့ပါသည်။ ကျန်တစ်လုံးကိုလည်း ထိုနည်းအတိုင်း လက်ညှိုးပေါ်တွှု ထားခဲပါ့သည်။ ထိုအခါ ကြက်သွန်ဖြူ ခုနှစ်ဥလုံးကို ယူထောင်း၍ လက်ညှိုး ထိပ်တွင် ပတ်လည်အုံကာ ပတ်တီးစဖြင့် စည်းပေးလိုက်ပါသည်။ လည်ပင်းက အကြိတ်ကိုလည်း ယောဗ္ဗနသိဒ္ဓိဆေးဒါန်းခဲကို နှမ်းဆီဖြင့် သွေး၍ လိမ်းပေးပါသည်။ ရေဖြင့် သွေးပြီးသောက်ရန် ယောဗ္ဗနသိဒ္ဓိဆေးဒါန်းခဲကို ပေးလိုက်ပြီး မနက်ဖြန်နေ့လည် (၂)နာရီလောက်တွင် လာပြရန် မှာ လိုက်ပါသည်။ ပြန်သွားကြပြီး ညနေ (၅)နာရီခန့်တွင် စာရေးကြီးနှင့် ကာယကံရှင် ယောက်ျားတို့ လာကြပါသည်။ လက်ညှိုးစည်းထားသည့် နေရာတွင် ပူပြီးကိုက်လာသဖြင့် ဘာလုပ်ရမလဲလို့ မေးရာ အဘိုးက မဖြည်နဲ့ အကိုက်အခဲပျောက်ဆေး ၀ယ်တိုက်လို့ မှာလိုက်ပြီး ဖြည်ခဲ့ပါက လက်ညှိုးသို့မရောက်ဘဲ မပျောက်ဘူးလို့ ပြောလိုက်ပါသည်။
    နောက်တစ်နေ့ နေ့လည် (၂)နာရီတွင် ကာယကံရှင် ဇနီးမောင်နှံနှင့်အတူ စာရေးကြီးနှင့် အင်္ဂလိပ်သုံးယောက် လိုက်လာကြပါသည်။ အဘိုးကိုတွေ့လျှင်တွေ့ချင်း ကာယကံ ရှင် ရောဂါဖြစ်သူ အင်္ဂလိပ်မက စာရေးကြီးမှတဆင့် ကျေးဇူးတင်ကြောင်း ညကတော့ လည်ပင်းမှ အကြိတ်မှမနာဘဲ အစာများ မြိုနိုင်ကြောင်း၊ မကိုက်ခဲတော့ကြောင်း၊ စည်းထားသော လက်ထိပ်မှာ ကိုက်ပြီးနာသဖြင့် အကိုက်အခဲပျောက်ဆေးများ သောက်ရကြောင်းပြောပါသည်။ အဘိုးက လည်ပင်းမှ အကြိတ်ကိုကြည့်ရာ အကြိတ်မှာ ပြည်နှင့်အရည်များ ထွက်လာပါသည်။ အဘိုးက ဂွမ်းစကို ယောဗ္ဗနသိဒ္ဓိဆေးဒါန်းနှင့်အုန်းဆီ သွေးထားတဲ့ အရည်နှင့်သုတ်ခါ သန့်ရှင်းရေးလုပ် ပေးပြီး ၎င်းအရည်ကိုပင် ဂွမ်းစနှင့် သုတ်ပြီး လက်ညှိုးထိပ်ကို ပတ်တီးစည်းပေးလိုက်ပါသည်။ လည်ပင်းကိုလည်း ယောဗ္ဗနသိဒ္ဓိဆေးဒါန်းလိမ်းပေးလိုက်ပြီး ရေနှင့်သွေးထားတာ တိုက်ပြီး နောက်သုံးရက် ဆက်တိုက်လာရန်မှာလိုက်ပါသည်။ သောက်ရန်နှင့်လိမ်းရန်လည်း ပေးလိုက်ပါ သည်။ ၎င်းတို့ သုံးရက်ဆက်လာရာ အဘိုးကနောက်ဆုံးနေ့တွင် လက်ညှိုးကို နောက်နေ့တွင် ပတ်တီး စည်းရန်မလိုဘဲ အထဲကို ၀င်ရန်အတွက် ၎င်းအရည် ငါးမိနစ်ခန့် တစ်နေ့တစ်ကြိမ် လိမ်းရန်နှင့် လည်ပင်းကို လည်းလိမ်းရန် မှာလိုက်ပြီး သောက်ရန်လည်း ပေးလိုက်ပါသည်။ ၎င်းတို့က အ ဘိုးကို နေ့စဉ်လာပြရာ (၇)ရက်မြောက်နေ့တွင် လည်ပင်းမှ အကြိတ်မှာ ဘာမှမရှိ တော့ဘဲ လက်ညှိုးမှအနာမှာလည်း ပျောက်ကင်းသွားပြီး လက်သည်းမှာ ကျွတ်ထွက်သွားပါသည်။
တစ်နေ့တွင် အဘိုးသည် ရေနံချောင်း သစ်တပွေလှေဆိပ်တွင် ဧရာဝတီတိုင်း ညောင်တုန်း မြို့သို့ ရေနံသွားရောင်းရန်အတွက် လှေကြီးပေါ်သို့ ရေနံတင်နေသည်ကို သွားကြည့်နေစဉ် အိမ်မှ အလုပ်သမားတစ်ယောက်က အဘိုးစိုက်ပျိုးထားသော အပင်များကို ရေလောင်းရာမှ ဂမုန်းပင် အောက်မှ မြွေပွေးတစ်ကောင်ကို နင်းမိသဖြင့် မြွေကိုက်ခံရပါသည်။ အဘိုးကို သစ်စာပွေ့ဆိပ်မှ မြင်းလှည်းဖြင့် သွားခေါ်ရပါသည်။ အဘိုးသည် အိမ်သို့ရောက်လျှင်ရောက်ခြင်း မြွေကိုက်ခံရလျှင် မလှုပ်ရဘူး ငြိမ်ငြိမ်နေရပါတယ်။ လှုပ်ရှားလျှင် အဆိပ်တက်မြန်တယ်ပြောပြီး လှဲခိုင်းထားပါသည်။ အဘိုးက သွားလေရာမှာ သူ၏ ယောဗ္ဗနသိဒ္ဓိဆေးဒါန်းခဲကို ယူသွားသဖြင့် ကျောက်ပျဉ်နှင့်ရေတောင်းပြီး ခစ်ပြစ်ပြစ် သွေး၍ ကြွေဇွန်းတစ်ဇွန်းခန့်တိုက်ပါသည်။ အကိုက်ခံရသည့်နေရာကိုလည်း ဘလိတ်ဓားဖြင့် အနည်းငယ် ခွဲလိုက်ပြီး သွေးထားသော ယောဗ္ဗနသိဒ္ဓိဆေးဒါန်းရေများကို ခပ်ထူထူလိမ်းပေးပါသည်။ အ၀တ်စတစ်စ ပေါ်တွင် သုတ်လိမ်းပြီး ဒဏ်ရာပေါ်တွင် ကပ်ပေးထားပါသည်။ နောက်နာရီဝက်ခန့်အကြာတွင် ယောဗ္ဗနသိဒ္ဓိဆေးဒါန်းကို ကြွေဇွန်းတစ်ဇွန်းခန့်ထပ်တိုက်ရာ အကိုက်ခံရသူမှာ ကောင်းသွားပါသည်။ အဘိုးက ကိုက်သည့်မြွေအား မသတ်ခိုင်းဘဲ တောင်းထဲထည့်ခိုင်းထားပြီး ညောင်တုန်းမြို့သို့ ရေနံရောင်း သွားသောအခါ မကွေးမြသလွန် ဆိပ်ကမ်းတွင် လွှတ်ခဲ့သည်ဟု ပြောပါသည်။
အထူးတင်ပြချက်
    ကျွန်တော်သည် သတ္တ၀ါတွေ ကယ်တင်ရန်အတွက် လွန်ခဲ့တဲ့အနှစ် (40)ခန့်ကစပြီး ပညာစခန်း၊ ဓါတ်စခန်း၊ သိဒ္ဓိလမ်းပညာများရပြီးသည့်နေ့မှ ယနေ့အထိ သိဒ္ဓီဝင်ဓါတ်နှစ်မျိုး ရခဲ့ပါသည်။ ဂမ္ဘီရပြဒါးပြာနှင့် ယခုတင်ပြနေသော ယောဗ္ဗနသိဒ္ဓိဆေးဒါန်းဖြစ်ပါသည်။ ဂမ္ဘီရပြဒါးပြာကတော့ သူရဇ္ဇမဂ္ဂဇင်းတွင် တင်ပြ ပေးခဲ့ပြီးဖြစ်ပါသည်။ အတော်များများသိကြသဖြင့် ပြည်တွင်းပြည်ပမှ အလှူခံ သုံးစွဲခဲ့ကြပါသည်။ ယခု ယောဗ္ဗနသိဒ္ဓိဆေးဒါန်း(အစဉ်နုပျိုစေသော) နှင့် သတ္တ၀ါ၊ ဝေဒနာသည်များကို ကယ်တင်သည်များထဲမှ ရောဂါကြီးများနှင့် ထင်ရှားသော ကယ်တင်ချက်များကို တင်ပြပါမည်။
တစ်နေ့နံနက်တွင် ကျွန်တော့်ထံသို့ သားအမိ သုံးယောက်ရောက်လာကြပါသည်။ ကချင်ပြည်နယ်က လာတာပါလို့ပြောပြီး သားဖြစ်သူက ကျွန်တော်က တပ်မတော်ကပါ။ ဒါက ကျွန်တော့်ညီမလေးပါ။ သူနာပြုတက္ကသိုလ်က ကျောင်းဆင်းပြီး အပြင်မှာ အလုပ်လုပ်နေပါတယ်။ ယခုလာပြတာက အမေ့ကို လာပြတာပါလို့ ပြောပြီး သူ့အမေအနေအထားကို သူ့ညီမကို ပြောခိုင်းပါသည်။ ညီမဖြစ်သူက သူ့အမေမှာ သားအိမ်ကင်ဆာ အဆ (၃)ဖြစ်နေပြီး အရိအရွဲများလည်းဆင်းကာ အနံ့အသက်လည်း အလွန်ဆိုးပါသည်။ ညဘက်တွင်လည်း ကိုက်သဖြင့် အကိုက်အခဲပျောက်ဆေး အမြဲတိုက်နေရပါသည်ဟု ပြောပါသည်။ ဆေးခန်းပြရာ သောက်ဆေးများပေးပြီး တစ်လအကြာမှာ ပြန်လာရန် ညွှန်ကြားသဖြင့် တည်းခိုနေရင်း ဘဘကြီးထံ လာတာပါလို့ ပြောပါသည်။ သားဖြစ်သူက ကျွန်တော့်အဖေက ရေနံချောင်းကပါ။ အမေက မြစ်ကြီးနားသူပါ။ မနေ့ကမှ အဖေက တယ်လီဖုန်းဆက်ပြီး ရေနံချောင်းက သူ့ဘကြီးတစ်ယောက်က မင်းတို့ အမေ သားအိမ်ကင်ဆာ ဖြစ်တာသိလို့ သူတို့ငယ်ငယ်ကတည်းက ရေနံတွင်းစား တစ်ယောက်ဟာ ယောဗ္ဗနသိဒ္ဓိဆေးဒါန်းနဲ့ ဝေဒနာပေါင်းစုံ ကုခဲ့တာ အကုန်နီးပါး သက်သာပျောက်ကင်းတယ်။ အခု သူ၏ ပညာဆက်ခံသူများ စုံစမ်းကြည့်ရာ သူတော့မရှိတော့ဘူး၊ သူ့မြေးတော့ ရှိတယ်ဆိုပြီး တယ်လီဖုန်းဆက်ပြီး ဘဘလိပ်စာပေးလို့ လာခဲ့တာပါလို့ ပြောပါသည်။ ဒါဖြင့်အတော်ဘဲ သမီးက သူနာပြုတစ်ယောက်ဆိုတော့ သမီးအမေကို သမီးဘဲ ဆေးထည့်ပြုစုခိုင်းရမှာ၊ ဘဘ အကြံပေးချင်တာက မင်းတို့မပြန်နဲ့အုံး၊ ရန်ကုန်မှာ (၇)ရက်လောက်နေပါအုန်းလို့ ပြောတော့ သူတို့ လက်ခံပါ သည်။ လူနာကို တိုက်ရန် ယောဗ္ဗနသိဒ္ဓိဆေးဒါန်းပေးလိုက်ပါသည်။ နံနက်(၉)နာရီမထိုးမီ တစ်ထုပ်၊ နေ့လည် (၁၂)နာရီခန့်တွင် သောက်ရန် တစ်ထုပ်၊ ညအိပ်ယာဝင်ခါနီးသောက်ရန် တစ်ထုပ်၊ တစ်ထုပ်လျှင် ရွေးကြီးစေ့ (၂)စေ့ခန့်ကို (၇)ရက်စာပေးလိုက်ပါသည်။ သားအိမ်တွင် ထည့်ရန် ပတ်တီးအနုစား သုံးလက်မ၊ လေးလက်မ ခန့်ကို အလိပ်ကိုဖြည်ပြီး ဒီပုလင်းထဲမှာ ပါသည့် ယောဗ္ဗနသိဒ္ဓိဆေးဒါန်းနှင့် နှမ်းဆီ သွေးထားသည့် အရည်ကို ဖြည်ထားတဲ့ပိတ်စမှာ သုတ်ပြီးလိပ်၍ သားအိမ်ထဲတွင် မနက်(၉)နာရီတစ်ကြိမ်၊ ညအိပ်ယာဝင်ခါနီး တစ်ကြိမ် ထည့်ပေးရန် မှာလိုက်ပါသည်။ ၅-ရက်မြောက်နေ့တွင် သားနှင့်သမီးရောက်လာပြီး သမီးက (၄)ရက်မြောက်နေ့ နံနက်မှာ သားအိမ်မှ အနာများသည် အရိအရွဲမပါတော့ဘဲ အရည်ကြည်ဘဲ ဆင်းပါသည်။ အဆင်းလည်း နည်း လာပါသည်။ ကိုက်တာလည်း နည်းသွားပြီး ခါတိုင်းထက် ပိုအပ်ပါသည်။ ဆီးများ၊ ၀မ်းများလည်း မှန်မှန်သွား တယ်လို့ ပြောပါသည်။ အစာများလည်း ခါးတိုင်းထက်ပိုစားတယ်။ အမေက မှာလိုက်တယ်။ သူနောက်ထပ် (၇)ရက်နေချင်သေးတယ်လို့ ပြောပါသည်။ ယောဗ္ဗနသိဒ္ဓိဆေးဒါန်းကို ဆက်ပြီး နေ့စဉ်မှာသည့်အတိုင်း သောက်ရန်နှင့် ဆက်ထည့်ရန်မှာလိုက်ပါသည်။ ၃-ရက်ခြားတစ်ကြိမ်လာပြောပြီး မပြန်ဖို့တစ်ရက်အလို သားသမီး သုံးယောက်စလုံး ကျွန်တော့ကို လာကန်တော့ပါသည်။ အနာရည်များမကျတော့ဘဲ အကိုက်အခဲများ လည်း သက်သာသွားကြောင်း ပြောသဖြင့် ယောဗ္ဗနသိဒ္ဓိဆေးဒါန်း တစ်လစာပေးလိုက်ပါသည်။ ရန်ကုန် ရောက်တိုင်း ကျွန်တော့်ထံဝင်ပြီး သူတို့အမေနေကောင်းကြောင်း လာပြောကြပါသည်။
နောက်တစ်ယောက်က အရပ်ထဲကို ရေတိုင်ကီလှည်းနဲ့တွန်းပြီး ရေလိုက်ရောင်းတဲ့သူပါ။ ရေတိုင်ကီ ပိပြီး ညာဘက်လက်မောင်းရင်း ကျိုးသွားပါတယ်။ အရပ်ထဲမှာ အနှိပ်သည် ဆရာကြီးတစ်ယောက်ကိုပင့်၍ အရိုးကို တည့်အောင်လုပ်ခိုင်းပြီး ယောဗ္ဗနသိဒ္ဓိဆေးဒါန်းကို နှမ်းဆီနှင့် မပြစ်မကျဲသွေး၍ လိမ်းပြီး ၀ါးခြမ်းပြားနှင့် ပတ်တီးစီးပေးပါသည်။ ယောဗ္ဗနသိဒ္ဓိဆေးဒန်းကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ရွေးကြီးစေ့ (၂)စေ့ခန့် တိုက် ခိုင်းပါသည်။ နာကျင်ခြင်းမရှိဘဲ (၉)ရက်အကြာတွင် ပတ်တီးဖြည်လိုက်ရာ ကောင်းသွားသည်ဟု ပြောပါသည်။
ရောဂါဝေဒနာရှင်များကို ရောဂါစာရင်းပါအတိုင်း ယောဗ္ဗနသိဒ္ဓိဆေးဒါန်းကို လုပ်နည်းပေးပြီး လည်းကောင်း၊ ကိုယ်တိုင်ပေးလှူ၍လည်းကောင်း၊ ကယ်တင်ကုသခဲ့ရာ ထောင်ပေါင်းများစွာ သတ္တ၀ါကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့မှ သဒ္ဒါကြေးလှူဒါန်းခဲ့တာကို ညောင်တုန်းမြို့ မဟာဝိသုတာရာမတိုက်သစ် ကျောင်းတိုက်သို့ ပြန်လှူဒါန်းခဲ့ရာ သိန်းပေါင်းများစွာ ရရှိခဲ့ပါသည်။
ကျွန်တော် ကျင့်ကြံအားထုတ်မှုကြောင့် ရရှိခဲ့သော ပညာစခန်း၊ ဓါတ်စခန်း၊ သိဒ္ဓိလမ်းထဲမှ ဂမ္ဘီရပြဒါးပြာနှင့် ယောဗ္ဗနသိဒ္ဓိဆေးဒန်း ကို လှူဒါန်းမှုကြောင့် ဒီဘ၀တွင် လိုချင်သော ပကတိသာဝကဆုရ ရပါလို၏။
မှတ်ချက် ။    ရာသီမရွေး အရွယ်မရွေး (၅)ရက် တစ်ကြိမ်ရွေးကြီးစေ့ခန့် သောက်ပါ ကျန်းမာအသက်ရှည် ပါမည်။
-    သီလထိန်း
-    မေတ္တထား
-    သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဦးတိုက်လျှက်
ဦးစံသိန်း (သီလဓိက)
တိုက်(၆၀)၊ အခန်း(၁၃)
စံပြ ဖ.ဆ.ပ.လ ရပ်ကွက်
မင်္ဂလာတောင်ညွန့်မြို့နယ်
ရန်ကုန်မြို့။
3 comments:
  1. ပ..ဆိုတာ..ပြဒါးကိုပြောတပါလားခင်ဗျာ
    ပြီးတော့ကျောက်...ဆိုတာကျောက်ချဉ်ပါလား...ဘာမှမပါတော့ဆတူ..လေးချိန်တူကို..ညွှန့် တယ်လို့ ယူဆလို့ ရပါသလား..ခင်ဗျာ။
    ReplyDelete
  2. အရိယ၀ိဇ္ဇာ ရသာယန အသက်ရှည်ဆေး..နည်းကအညွှန့် တိုင်းပြုလုပ်ရင်ကော့...ရနှိင်ပါသလားခင်ဗျာ..။
    ReplyDelete
  3. ဆက်လက် ၍ ဓါတ်ဆေးပညာများ တင်ပေးစေလိုပါသည်
    ReplyDelete